အလုပ်သမားဒုဝန်ကြီးနှင့် ထိုင်းအခြေပြု မြန်မာအဖွဲ့အစည်းများ တွေ့ဆုံ

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးဟာ ထိုင်း အခြေပြု မြန်မာအ ဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး မြန်မာရွှေ့ပြောင်း အလုပ်သ မားတွေရဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ ပါတယ်။

မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူ လုံရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးထင်အောင် ခေါင်းဆောင်တဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းမြန်မာ လူမှုကူညီရေး အသင်းအဖွဲ့ ၁၂ ဖွဲ့လောက်နဲ့ မေ ၆ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံရာမှာ ပြည်ထောင်စုဒုဝန်ကြီးက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေအတွက် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နဲ့ နိုင်ငံကူးလက်မှတ်ကိစ္စ ဖြေရှင်းဖို့ ဆွေးနွေးခဲ့ပါတယ်။

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်သစ် ထုတ်ယူဖို့ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်လုပ်ရာမှာတော့ နေရပ်ကို ပြန်လုပ်မှ တရားဝင်မယ်လို့ ပြည်ထောင်စုဒုဝန်ကြီးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အလုပ်သမားရေးရာ ညွှန်ချုပ်ကတော့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပြသာနာရှိရင် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြကြဖို့နဲ့ တင်ပြလာတဲ့ အခက်အခဲတွေကို သံတမန်နည်းလမ်းအရ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းပေးမယ်လို့ ဆွေးနွေးပွဲမှာ အာမခံ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာ ပြည်ထောင်စုဒုဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့နဲ့ သတင်းတပ်ဖွဲ့က ရဲမှူးကြီးတွေ၊ အလုပ်သမားရေးရာ သံမှူးနဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအရာရှိတွေလည်း တက်ရောက် ဆွေးနွေးခဲ့ ပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေ ငွေလွှဲငွေပို့ကိစ္စရပ်ကိုတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တာဝန်ရှိသူ တယောက်က ရှင်းပြသွားပါတယ်။

ပြည်ထောင်စုဒုဝန်ကြီးနဲ့ အဖွဲ့ဟာ မေ ၇ ရက်နေ့မှာ ထိုင်းအလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးရင် ထိုင်းနိုင်ငံတလွှားက ရွှေ့ပြောင်းမြန်မာလုပ်သား လူမှု ကူညီရေးအဖွဲ့အစည်းတွေ၊ သင်တန်းကျောင်းတွေနဲ့ တချို့စက်ရုံတွေကို သွားရောက်လည်ပတ် စစ်ဆေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီဗွီဘီ

မှတ်ချက်များ