၂၈.၅.၂၀၁၄ရက်နေ့ ၁၅၃၀အချိန် သုံးခွမြို့ နယ်၊ အောင်ပန်းစိန်ကျေးရွာနေသူများဖြစ်သည့် ကိုရဲဝင်းနိုင် (၂၈)နှစ်မောင်းနင်ပြီး မစန်းစန်းဆွေ (၂၇)နှစ် စီးနင်းလိုက်ပါလာသော ၂၄ယ/---
KENBO-110 စိမ်းပြာရောင်ဆိုင်ကယ်သည် သုံးခွမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊ အောင်ဇေယျ လမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်နေ စဉ် ပုံနှိပ်တိုက်ရှေ့အရောက် ယာဉ်မောင်း
(စုံစမ်းဆဲ)မောင်းနှင် လာသော BGO-1A---TE အစိမ်းရောင် ကုန်တင်ယာဉ်မှအရှိန်လွန်ကာ ဆိုင်ကယ်အား နောက်ဘက်မှတိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာ၌ ယာဉ်ကိုထား ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။
ထိုသို့တိုက်မိမှုကြောင့် ဆိုင်ကယ်နောက်တွင်လိုက်ပါစီးနင်းသူ မစန်းစန်းဆွေမှာ ယာဉ်၏ရှေ့ဘီးနှင့် အတူတရွတ်တိုက်ပါသွားခဲ့သဖြင့် ခန္ဓာကိုယ်ကျိုးပဲ့ကြေမွဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံး သွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ကိုရဲဝင်းနိုင်တွင် ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့ ၍ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရပါသည်။
ယာဉ်ကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်းအား သုံးခွမြို့မရဲစခန်းယာဉ်(ပ)၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မှတ်ချက်များ