စက်ရုပ် စားသောက်ဆောင်(သို့)”robot couple restaurant
တရုတ်နိုင်ငံ မြို့ လေးတစ်မြို့  မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တစ်ခုပါ။ဖြစ်စဉ်ကဒီလိုပါ။ မြို့ ငယ်လေးတစ်မြို့ မှာ အလွန်ထင်ရှားတဲ့ စားသောက်ဆိုင် တစ်ဆိုင်ရှိပါတယ်။ အဆိုပါ စားသောက်ဆိုင် က လင်မ ယားနှစ်ယောက်ဟာ တစ်နေ့ကို ၂၁ နာရီ အလုပ်လုပ်ပါတယ်။ ဒီလိုမရပ်မနား ဆက်တိုက်
အလုပ်လုပ်တဲ့ သူတို့ လင်မယားနှစ်ယောက် ကို ပတ်ဝန်းကျင် ကလူတွေအလွန်အံ့သြခဲ့ရပြီး သူတို့စားသောက်ဆိုင်ကို Robot Couple Restaurant လို့ ခေါ်ဆို သမုတ်ခဲ့ကြတဲ့ အထိပါပဲ ။
ဒီလို နဲ့ ဒေသတွင်းမှာ ကျော်ကြားလာတဲ့သူတို့ ဇနီးမောင်းနှံကို သတင်း သမားတွေကစိတ်ဝင်စားလာပြီး အင်တာဗျူးရာမှ အမွှာလင်မယားစုံတွဲ တစ်လှည့်စီ အချိန်ခွဲပြီး လုပ်ကိုင်ခြင်းသာဖြစ်တယ်လို့ ဖွင့်ဟပြော ဆိုခဲ့ပါတယ်။
အမွှာညီအကိုနှစ်ယောက်နှင့် အမွှာညီမနှစ်ယောက် တစ်နှစ်ထဲအတူ မင်္ဂလာပွဲဆင်နွှဲခဲ့ပြီး အဆိုပါမြို့ မှာအတူနေထိုင် အခြေချကာ စီးပွားရှာခဲ့ခြင်းဖြစ်ပြီးပတ်ဝန်းကျင်ကလူတွေအတွက်တော့ ထင်ယောင်ထင် မှား ဖြစ်စေခဲ့ပါတယ်။
ဒါကြောင့် စားသောက်ဆိုင်ကို မရပ်မနားလုပ်ကိုင်နေကြတဲ့ ဇနီးမောင်နှံအဖြစ် လူသိများစေခဲ့သ လို Robot Couple Restaurant သမုတ်ခဲ့ခြင်းဖြစ်ပါတယ်။ အဖြစ်မှန်ကိုသိပြီး မှသာဟာသတစ်ခုအဖြစ်လူပြောများခဲ့ပြီး
ကမ္ဘာအံ့ဖွယ် ဖြစ်တောင့်ဖြစ်ခဲ့ သတင်းတစ်ပုဒ်အဖြစ် ယနေ့ အချိန်ထိ ပြောဆိုလျက်ရှိဆဲ ဖြစ်ပါတယ်။
Khun Nay Tun Media

မှတ်ချက်များ