ဒီနွေရာသီမှာ ကျင်းပမယ့် ဘရာဇီးကမ္ဘာ့ဖလားပွဲမတိုင်မီ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ကြေ ငြာခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းဟာ အဆင့် ၁၁ နေရာမှာ ဆက်လက်ရပ်တည်နေပြီး စပိန်အသင်းက အဆင့် ၁ နေရာကို ဆက်လက်ရယူထားနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးအသင်းက အဆင့်ခုနှစ်နေရာကနေ အဆင့်လေးနေရာကို တက်လှမ်းလာခဲ့ပြီး တောင်အမေရိကထိပ်သီးပြိုင်ဘက် ကိုလံဘီယာ၊ ဥရုဂွေးနဲ့ အာဂျင်တီးနားတို့ ရဲ့ အထက်မှာ ရောက်ရှိနေ ပါတယ်။
စကိုလာရီရဲ့ ဘရာဇီးအသင်းဟာ ဂျူလိုင် ၂၀၁၁ ခုနှစ် အဆင့်သတ်မှတ်ချက်ပြီးနောက် ပထမဆုံးအကြိမ် ထိပ်ဆုံးအဆင့်မှာ ပြန်လည်ရပ်တည်နိုင်ခဲ့တာပါ။
စပိန်အသင်းက ရမှတ် ၁၄၆၀ နဲ့ ပထမနေရာ၊ ဂျာမနီအသင်းက ၁၃၄၀ မှတ်နဲ့ ဒုတိယ၊ ဂျာမနီက ၁၂၄၅ မှတ်နဲ့  တတိယနေရာမှာ အပြောင်းအလဲမရှိရပ်တည်နေပါတယ်။
အာရှအဆင့် ရပ်တည်မှုမှာ အီရန်အသင်းက ပထမနေရာမှာ ရှိပြီး ဂျပန်က ဒုတိယနေရာမှာ ရပ်တည်နေပါ တယ်။ မြန်မာအသင်းကတော့ ကမ္ဘာ့အဆင့်ရပ်တည်မှု ၁၇၅ နဲ့ အာရှအဆင့် ရပ်တည်မှု ၃၉ နေရာမှာ ရှိနေပါတယ်။
Angel | Trend Myanmar

မှတ်ချက်များ