အဖေနဲ့ သမီးပြန်ယူပြီး ကလေးမွေးကြတော့မည်

အိုင်ယာလန် က အသက် ၂၈ နှစ်အရွယ် ပင်နီလောရင့်စ်ဟာ သူမ တစ်ခါမှ မတွေ့ဖူးတဲ့ သူမရဲ့ သွေးသားရင်းချာဖြစ်တဲ့ သူမအဖေကို လိုက်ရှာနေခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက် တွေ့ကြတဲ့အခါကျတော့ သူတို့ အရင်က တစ်ယောက်တစ်နေရာ စီ ကုန်လွန်ခဲ့တဲ့အချိန်တွေကို အဖေနဲ့ သမီးဘဝနဲ့ အတူတူ ပြန်ရယူရမယ့်အစား လင်မယားအဖြစ်နဲ့ ပြန်လည်ရယူခဲ့ကြပါ တယ်။ 

ဒါ့အပြင် ၎င်းအမျိုးသမီးဟာ သူမအဖေနဲ့ ရတဲ့ကိုယ်ဝန်ကိုလည်း လွယ်ခဲ့တယ်လို့ သိရပါတယ်။ ယခုလောက်ဆိုရင်တော့ အဲဒီကလေးငယ်ဟာ တော်တော်တောင် ကြီးနေလောက်ပါပြီ။

သူမတို့နှစ်ယောက် ဒီလိုဖြစ်သွားကြတာ မတော်တဆမဟုတ်ဘဲ ချစ်ကြိုက်လို့ ဖြစ်တာပါလို့လည်း ဝန်ခံခဲ့ပါတယ်။ အဲဒီလို ဝန်ခံတဲ့ အတွက်ကြောင့် ပတ်ဝန်းကျင်က သူတို့ကို ပြင်းပြင်းထန်ထန် ကဲ့ရဲ့ရှုံ့ချမှုတွေ ပြုလုပ်ကြပါတယ်။

လောရင့်စ်ကတော့ သူမတို့နှစ်ယောက်ဟာ GSA ရဲ့သားကောင်တွေ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ GSA ဆိုတာ Genetic Sexual Attraction ရဲ့ အတိုကောက်ဖြစ်ပြီး မောင်နှမချင်း၊ မိဘနဲ့ သားသမီးချင်း လိင်ကိစ္စ စိတ်ဝင်စားတဲ့ ရောဂါတစ်မျိုးပါ။

လောရင့်စ်ကဒါဟာ သွေးနီးသူချင်း ယူတာတော့ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မနဲ့ ကျွန်မအဖေက အရင်ကမမြင်ဖူးတဲ့ အတွက်ကြောင့် လုံးဝကို သူစိမ်းတွေပါပဲလို့ ဆိုပါတယ်။ အဲဒီနောက်တော့ ကလေးအ တွက် လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ဆောင်ပြီး ကလေးယူဖို့ကို ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စက ထူးခြားဖြစ်စဉ်လား၊ စည်းကမ်းမဲ့တာလားတော့ မပြောတတ်တော့ပါဘူး။

Ygn News

မှတ်ချက်များ