ရာဇာမင်းကား ချောက်ထဲကျတဲ့ အဖြစ်မှန်ကို ဘယ်သူကိုမှ မပြောဖို့ ယာဉ်မောင်းကို ခြိမ်းခြောက်ထား


ရာဇာမင်းကား ချောက်ထဲကျတဲ့ အဖြစ်မှန်ကို ဘယ်သူကိုမှ မပြောဖို့ ယာဉ်မောင်းကို ခြိမ်းခြောက်ထား ၊ နိုင်ငံတကာအကူအညီနဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ၅ ဖွဲ့လောက်ဖွဲ့ပြီး ရာဇာမင်းကားမှောက်မှု ကို စုံစမ်းစစ်ဆေးသင့်

၁၊ သဲကြီးမဲကြီး မိုးရွာသွန်းနေချိန်မဟုတ် ၊ မိုးစပ်စပ်ရွာထားသည် ၊
၂၊ အနောက်ဖက်မှ လေပြင်းများ အရှေ့ဘက်သို့ တိုက်နေသည် ၊
၃၊ တံတားမရောက်ခင် တစ်မိုင်လောက်အလို လမ်းညာဖက်တွင် ဘက်ဟိုးများ ဘူဒိုဇာများဖြင့် မြေပြင်ခြင်းလုပ်ငန်းများ လုပ်နေသည် ၊
၎၊ မြေကြီးများ အပြည့်ဖြင့် မြေသယ်ကားများက တံတား၏ ဟိုဘက် ဒီဘက်သို့ သွားလာနေကြသည် ၊
၅၊ လမ်းပေါ်တွင် မြေသယ်ကားများ၏ ဘီးများမှကပ်ကျန်ခဲ့သော မြေကြီးများ ၊ မြေသယ်ကားများပေါ်မှ ပြုတ်ကျနေသော မြေကြီးများ များစွာရှိနေသည်၊
၆၊ လမ်း၏ ညာဘက်ယာဉ်ကြောတစ်ခုလုံးသည် မြေကြီးများ များစွာပေကျံနေသည် ၊
၇၊ ခပ်စပ်စပ်ရွာထားသော မိုးကြောင့် ၊ လမ်းပေါ်တွင်ပေကျံနေသော မြေကြီးများကြောင့် လမ်းချော်နေဖွယ်ရှိသည် ၊
၈၊ ဘူဒိုဇာများ ဘက်ဟိုးများ မြေသယ်ယဉ်များ အလုပ်လုပ်နေသောလည်း သတိပေးဆိုင်းဘုတ် ထားရှိခြင်းမတွေ့ရပေ ၊
၉၊ တံတားသို့ ချဉ်းကပ်ရာအမြန်လမ်းပေါ်တွင် ရှေ့အကွာအဝေးဘ်ာလောက်တွင် တံတားရှိသည် ဟူသော မြင်သာထင်သာသော သတိပေးဆိုင်းဘုတ်မျိုးမတွေ့ရ ၊
၁၀၊ ရာဇာမင်းကားမှာ ဦးခေါင်းပိုင်းဖြင့် တံတားအောက်သို့ ကျသွားချင်းမဟုတ်ပဲ ၊ နောက်ပိုင်းဖြင့် ကျသွားခြင်းသာဖြစ် ၊
၁၁၊ ရာဇာမင်းကားက ရှေ့မှကားကို ကျော်တက်ရာတွင် စလစ်ဖြစ်သွားပုံရသည် ၊
၁၂၊ ရှေ့မှကား ဟုဆိုရာတွင် အဆိုပါ လုပ်ငန်းခွင်မှ မြေသယ်ယာဉ် တစ်စီးစီးဖြစ်နိုင်သည် ၊
၁၃၊ မြေသယ်ယာဉ်အများစုမှ နောက်မီးများ မပါကြ ၊
၁၄၊ အမြန်လမ်းပေါ် လမ်းပြုပြင်မှုများ ပြုလုပ်ရာတွင် ကြိုတင်သတိပေးဆိုင်းဘုတ်များ အသုံးပြုမှု မတွေ့ရ ၊
၁၅၊ ကားစပါယ်ယာ ၊ ကားဒရိုင်ဘာနှင့် သတင်းထောက်များ ချက်ခြင်းတိုက်ရိုက်တွေ့ဆုံမေးမြန်းခွင့်မရ ၊
၁၆၊ အခင်းဖြစ်ပြီးမကြာခင် လမ်းပေါ်တွင် ပေကျံနေသော မြေကြီးများကို လူအင်အားဖြင့် သန့်ရှင်းရေးအမြန်လုပ်နေကြ ၊
၁၇၊ သေဆုံးသော ခရီးသည် ၊ ဒဏ်ရာရသောခရီးသည်များ၏ ထိုင်ခုံဘယ်မှာထိုင်ခဲ့သည် ဆိုသော ပုံကြမ်းရလျှင် ဘယ်လိုဘယ်နည်းဖြင့် ကားချောက်ထဲကျသွားသည်ဆိုတာကို အစဖော်နိုင်သည် ၊
၁၈၊ အမြန်လမ်း အဆင့်မီ မမီဆိုတာကို ထိုင်း မလေး စင်္ကာပူ ဂျပန် ယူရုပ် ယူအက်အေ ချိုင်းနား သို့ သွားရောက်ခဲ့ဘူးသူများ ကို နိုင်းယှဉ်မေးမြန်းသင့် ၊
၁၉၊ သတင်းထုတ်ပြန်ပုံ နျင့် မြေပြင်တွင် ဆောင်ရါက်ပုံများကို ကြည့်လျှင် သင်ဆိုင်ရာမှ တစ်ခုခုကို အလွန်အမင်း ဖုံးကွယ်ထားချင်နေပုံရသည် ၊
၂၀၊ နိုင်ငံတကာအကူအညီနဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့များ တစ်ဖွဲ့ထက် ငါးဖွဲ့လောက်ဖွဲ့ပြီး ရာဇာမင်းကားမှောက်မှုကို စုံစမ်းစစ်ဆေးသင့် ၊
၂၁၊ အရင်က အမြန်လမ်းတလျှောက်တံတားတွေမှာ ဆိုလာမီးတိုင်တွေရှိတယ် ၊ အခု အဲဒီ တံတားမှာ ဆိုလာမီးတိုင်တွေကို ပြန်ဖြုတ်ထားပုံရတယ် ၊
နောက်ဆုံးရရှိသော သတင်းများအရ အဖြစ်မှန်ကို မပြောဖို့ ယာဉ်မောင်းအား ခြိမ်းခြောက်ထားဟု သိရ
အောက်ပါနေရာများကို ဂူဂယ်မတ်မှာ ရိုက်ပြီးရှာကြည့်နိုင်ကြပါသည် (လူအချင်းချင်း လှည့်ဖျားခြင်း ကင်းရှင်းကြပါစေ)
ချောက်ထဲသို့ ကားကျသွားသောနေရာ 19.613858, 96.076178
တံတားချဉ်းကပ်လမ်း အဆုံးနေရာ 19.614315, 96.075951
ဘက်ဟိုးများ ဘူဒိုဇာများ လုပ်နေသောနေရာ 19.616525, 96.074617
နေပြည်တော် တိုးဂိတ်နေရာ 19.616525, 96.074617
နေပြည်တော် သတင်းရပ်ဝန်းသို့ ပေးပို့လာသော သတင်းများကို စုစည်းဖော်ပြထားခြင်းဖြစ်သည် ၊
သတင်းများ ပေးပို့လာသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည် ၊


(နေပြည်တော် သတင်းရပ်ဝန်း)

မှတ်ချက်များ