၅နှစ်သားလေးရဲ့ စူပါဟီးရိုးချစ်မြတ်နိုးမှုကို ဖြည့်ဆည်းပးခဲ့တဲ့ ဈာပန
စူပါဟီးရိုး စူပါပရိသတ် ဖြစ်တဲ့ ၅နှစ်သား Brayden Denonဟာ ကင်ဆာဖြစ်နေတဲ့ ဦးနှောက်အကျိတ်ရော ဂါကို ၁၃လကြာ ရဲစွမ်းသတ္တိရှိရှိနဲ့ တွန်းလှန်တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်၊ အင်ဒီးယားနားပြည်နယ်၊ ကန့်လန်းဒ် မြို့သားလေးဟာ မေလ ၈ရက်နေ့မှာ သေဆုံးခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ဈာပန မှာ ခေါင်းတလားထမ်းသူတွေဟာ သူအရမ်းချစ်မြတ်နိုးတဲ့ စူပါဟီးရိုးတွေလို ၀တ်ဆင်ပြီး ကျင်းပခဲ့ပါတယ်။
“သူက ပင်ကူလူသား ပရိတ်သတ်ကြီးပါ။ သူ့မှာ အရုပ်တွေအားလုံးရှိတာကြောင့် ပင်ကူလူသားကိုပဲ ကြိုက် ခဲ့တာမဟုတ်ဘူး။ သူဟာ တကယ့်ကို စူပါဟီးရိုးတိုင်းကို ကြိုက်ခဲ့တာပါ။” လို့ Braydenရဲ့ မိခင်ဖြစ်သူ Staci Dentonက WLFI News 18 ကိုပြောပြခဲ့ပါတယ်။ ခင်ပွန်းမရှိတော့ပြီဖြစ်တဲ့ မိခင်က သူမရဲ့သားဟာ အနောက်တိုင်းဝတ်စုံတွေ၊ လည်စည်းတွေဝတ်ထားတဲ့ သူတွေကို ဂရုစိုက်မှာမဟုတ်ဘူးလို့ ခံစားခဲ့ရပါ တယ်။ ဒါကြောင့် အဲ့ဒီအစား Staci ဟာ သူမသားရဲ့ စူပါဟီးရိုးချစ်မြတ်နိုးမှုကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ် ခဲ့တာပါ။
Trend Myanmar

မှတ်ချက်များ