လားရှိုးမြို့၊ သိန်းနီလမ်းနှင့် စံကောင်းလမ်းထောင့်တွင် တည်ရှိသည့်CB ဘဏ်နှင့် ဗိုလ်ချုပ်လမ်း နှင့် သစ္စာလမ်းထောင့်တွင် တည်ရှိသည့်ကမ္ဘောဇဘဏ်(၁) တို့တွင် ယနေ့နံနက် သုံးနာရီခွဲခန့်က ပေါက်ကွဲမှု
နှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော် ဒီနေ့မနက် ဂိတ်ထိုးတဲ့အချိန် ၃:၂ဝ လောက်မှာ ရွံ့တွေပေနေတဲ့ ဖိုးဝှီး အနက်ရောင် ကားသုံးစီး က အရှိန်နဲ့ မောင်းလာပြီးအောက်ဖက်ကို ဆင်းသွားတယ်၊ ကျွန်တော်တို့ကိုတောင်ပွတ်မိမလို ဖြစ်သွားသေး တယ်၊ သူတို့ကားတွေ ဆင်းသွားပြီးမကြာဘူး၊ အုန်းဆိုတဲ့ အသံ နှစ်ခါဆက်တိုက် ကြားလိုက်ရတယ်”ဟု
ကမ္ဘောဇဘဏ်အနီး လမ်းဆုံရှိ သုံးဘီးယာဉ်မောင်း ကိုမြင့်နိုင်ကပြောသည်။
အဆိုပါ KBZ (၁) ဘဏ်၏ နောက်ပေါက် ကားဝင်တံခါး အုတ်တံတိုင်းတွင်ပေါက်ကွဲသွားခဲ့ပြီး အနီးရှိ အောင် သီရိ ရုပ်ရှင်ရုံ အပေါ်ထပ်ရှိလေကာမှန်များမှာ တုန်ခါမူကြောင့် ကွဲကြေပျက်စီးခဲ့ရပြီးသစ္စာလမ်းဘေးတစ် ချက်ရှိ သစ္စာမွန် စာအုပ်အငှားဆိုင်၏သစ်သားတံခါးမှာလည်း ရှေ့ပေါက်နှင့်နောက်ပေါက် တံခါးများ
ပြုတ်ကျ ပျက်စီးခဲ့ပြီး ပေါက်ကွဲမှုကြောင့် တစ်ရပ်ကွက်လုံးတုန်ခါသွားကြောင်း ရပ်ကွက်နေ ဒေသခံများထံမှ သိရှိရသည်။
“ကျွန်တော်က လုံခြုံရေးတာဝန်ကျပါ၊ သုံးနာရီခွဲလောက်မှာ ဟိုဘက်ကနေ‘အုန်း’ ဆိုပြီး ကြားရပြီးတော့ ကျွန်တော် တို့ ဘဏ်နားမှာလည်းဆက်တိုက် ကြားလိုက်ရတာပါ။ ထွက်ကြည့်လိုက်တောမှ မီးခိုးတွေလုံးနေ ပြီးတော့ ယမ်းနံ့ကလဲထောင်းနေတာပဲ၊ ညကကျွန်တော် ကင်းလှည့်တဲ့ အချိန်တုန်းက မဖြစ်လို့တော်သေး တယ်၊တော်တော်လေး အသံကျယ်တယ်”ဟု CB ဘဏ်လုံခြုံရေးဝန်ထမ်းကိုဟန်လင်းထွန်းက ပြောသည်။
အဆိုပါ CB ဘဏ်ဘေးရှိ ‘ဝင်း’ ကားပစ္စည်းဆိုင်တွင် တပ်ဆင်ထားသောလေကာမှန်များမှာ လည်းကွဲကြေ ပျက်စီးခဲ့ရပြီး၊ ဘဏ်၏ထရန်စဖော်မာ ပျက်စီးခဲ့ကြောင်း ဘဏ်ဘေးပတ်ဝန်းကျင်နေမျက်မြင် ဒေသခံများ ထံမှ သိရှိရသည်။
အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိသူ တစ်ဦးတစ်ယောက်မှမရှိဘဲ ပျက်စီးမှုများသာရှိ ကာ ပြည်သူများ ထိန့်လန့်နေကြကြောင်း၊တာဝန်ရှိသူများက ပေါက်ကွဲမှုများအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စိုးမင်းနိုင် | The Myanma Age


မှတ်ချက်များ