ထီးတစ်ချောင်းအလား တစ်ချက်တည်းနဲ့ ခေါက်သိမ်းနိုင်တဲ့ စက်ဘီး

ခရီးဝေးပုံမှန်အလုပ်ဆင်းသူတွေ အတွက် အန္တိမစက်ဘီး ဖြစ်ပါလိမ့်မယ်။ ဆိုဒ်ပြည့်ဘီးတွေ ပါရှိပြီး စက်ဘီးတစ်ခုလုံးကို ထီးတစ်ချောင်း အရွယ်အစားဖြစ်အောင် ခေါက်ထားနိုင်ပါတယ်။

ဒီစက်ဘီးကို အီတလီလူမျိုးတစ်ယောက်က ဒီဇိုင်းရေးဆွဲခဲ့တာပါ။ ခေါက်ထားရင် သေးသေးလေးဆိုပေမယ့် ဒီစက်ဘီးဟာ ၂၆လက်မ အရွယ်ဘီးတွေကို ဖြန့်ထုတ်ပေးမှာဖြစ်ပြီး တစ်ချက်တည်းနဲ့ ပြန်ခေါက်ထားလို့ ရပါတယ်။

ဒီစက်ဘီးမှာ စမုတ်တိုင်မဲ့ ဘီးတွေကို အသုံးပြုထားပြီး နောက်ဘက် ၀င်ရိုးကနေ ရှေ့ဘီးခွေကို တိုက်ရိုက် မောင်းနှင်ပေးမှာပါ။

ခေါက်သိမ်းနိုင်တဲ့ လက်ရှိစက်ဘီးတွေရဲ့ ဒီဇိုင်းတွေကို စိတ်ပျက်ရာကနေ ခုလို ဒီဇိုင်းမျိုးရေးဖို့ အကြံဉာဏ်ရလာတာလို့ တီထွင်သူ Gianluca Sada ကပြောပါတယ်။

သီဟနိုင် | Trend Myanmar

မှတ်ချက်များ