မေ ၂၄ ရက်နေ့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ သူက ခုလိုပြောလိုက်တာဖြစ်ပြီး ရထားစင်းလုံးငှား ခရီးစဉ် လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်ထားတယ်လို့ သူက ပြောပါတယ်။
အထူးသဖြင့် နိုင်ငံခြားသား ခရီးသည်တွေ အသွားများတဲ့ ပုဂံ- ကျောက်ပန်းတောင်း လမ်းပိုင်းလိုမျိုးမှာ ခွင့်ပြုပေးသွားမယ်လို့ သူက ရှင်းပြပါတယ်။
မြန်မာ့မီးရထားဟာ ပုဂံ-ကျောက်ပန်းတောင်း လမ်းပိုင်းမှာ စင်းလုံးငှား ပြေးဆွဲဖို့ ရှေးဟောင်း ရေနွေးငွေ့သုံး စက်ခေါင်းတခု အဆင်သင့်ပြင်ဆင်ထားပြီလို့လည်း ၀န်ကြီးကပြောပါတယ်။
ဒီဗွီဘီ

မှတ်ချက်များ