‘‘မီတာနှစ်ခု၊ သုံးခု တပ်ထား တဲ့ အိမ်တွေမှာ မီတာတစ်စောင် တည်း ထုတ်ပေးလိုက်ရင် အခု စနစ်က အရစ်ကျကောက်ခံတဲ့ ပုံစံဆိုတော့ မီတာခတွေ အများ ကြီး ပိုကျသွားမှာစိုးလို့ ပြည်သူလူ ထုသက်သာ သွားအောင်မီတာ တစ်လုံးကို တစ်စောင်နှုန်းနဲ့ ပြောင်းထုတ်ပေးဖို့ ပြောင်းလိုက် တာပါ’’ ဟု ရန်ကုန်မြို့တော် လျှပ် စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒု ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။
ဧပြီ ၁ ရက်မှစတင်ကာ မီ တာခနှုန်းထားသစ်များ တိုးမြှင့် ကောက်ခံပြီးနောက် ထွက်ပေါ် လာသည့် ဓာတ်အားခ တောင်းခံ လွှာများတွင် မီတာတစ်လုံးထက် ပိုမိုတပ်ဆင်ထားသည့် အိမ်များ သည် မီတာအားလုံးအတွက် ငွေ တောင်းခံလွှာတစ်စောင်တည်း စုပေါင်းထွက်ရှိလာခြင်းကြောင့် မီတာခ အများအပြားကျသင့်နေ ကြောင်း ဝေဖန်မှု ခံခဲ့ရပြီး နောက် ယခုကဲ့သို့ ပြင်ဆင် ကြောင်း ကြေညာခြင်းဖြစ်သည်။ အိမ်သုံးမီတာများမှာ ယူနစ် ၁၀၀ အထိ တစ်ယူနစ်လျှင် ၃၅ ကျပ် ၀န်းကျင်ကောက်ခံပြီး ယူနစ် ၂၀၀ ကျော်လျှင် ၅၀ ကျပ်နှုန်းဖြင့် ကောက်ခံ၍ ယူနစ်များ ပေါင်း ကောက်သောကြောင့် ယူနစ် ၁၀၀ ကျော်သူ များသွားခြင်း ဖြစ် သည်။
ယခုကဲ့သို့ တစ်အိမ်တည်း တွင် မီတာဘောက်စ်များစွာ ဖြစ် နေသော်လည်း အမည်ပေါက်မှာ တစ်ဦးတည်းနာမည်များဖြင့်သာ ရှိနေတတ်ကြောင်း သိရသည်။
မီတာဘောက်စ် များနေ ရခြင်းသည် အမွေဆိုင်အိမ်များ (သို့မဟုတ်) ညီအစ်ကိုမောင်နှမ များ တစ်အိမ်တည်းတွင် စုပေါင်း နေထိုင်ခြင်းနှင့် အိမ်တွင် အိမ်ငှား များ ထားရှိခြင်းကြောင့်ဖြစ်ရာ ဘီလ်တစ်စောင်တည်း ထွက်ရှိ ပါက အရစ်ကျပုံစံပြောင်းလဲလိုက် ချိန်တွင် အချင်းချင်းအငြင်းပွားစ ရာများ ဖြစ်လာနိုင်သည့် အတွက် ယခုကဲ့သို့ ပြောင်းလဲသတ်မှတ် လိုက်ရခြင်းဖြစ်ကြောင်း ဦးမောင် မောင်လတ်က ဆိုသည်။
လက်ရှိကျင့်သုံးနေသည့် အ ဆိုပါစနစ်ကို ဖျက်သိမ်းပြီး မီတာ တစ်စောင်လျှင် ငွေတောင်းခံလွှာ တစ်ခုစနစ်ကို ကျင့်သုံးမည်ဖြစ် ကြောင်း ရပ်ကွက်များအတွင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့မှ ၀န်ထမ်းများ က အသံချဲ့စက်များဖြင့် လိုက်လံ ကြေညာလျက်ရှိသည်။
လက်ရှိအချိန်တွင် ပြည်သူ များထံ တောင်းခံထားသည့် မီ တာခအားလုံးအတွက် စုပေါင်း တောင်းခံထားသည့် ငွေတောင်းခံ လွှာများသည်လည်း ယင်းစနစ် တွင် အကျုံးဝင်မည်ဖြစ်ပြီး ဓာတ် အားခငွေ မပေးသွင်းရသေးသူ များအနေဖြင့် သက်ဆိုင်ရာ မီတာ ရုံးတွင် ဘီလ်ကို ပြင်ဆင်ကာ ငွေ ပေးသွင်းနိုင်ကြောင်း ယင်း ကြေညာချက်တွင် ဖော်ပြသည်။
စုပေါင်းကောက်ခံလွှာဖြင့် ဓာတ်အားခငွေပေးသွင်းပြီးသူ များအတွက်လည်း လာမည့်ဇွန် လတွင် တောင်းခံမည့် ဓာတ်အား ခ၌ ယခုလ ပိုမိုပေးသွင်းငွေများ ကို ခုနှိမ်ပေးသွင်းစေမည်ဖြစ် ကြောင်း ယင်းကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အိမ်သုံးမီတာခများကို တစ် ယူနစ်လျှင် အနည်းဆုံး ၃၅ ကျပ် မှ အများဆုံး ၅၀ ကျပ်အထိလည်း ကောင်း၊ စက်မှုသုံးမီတာခများ ကို တစ်ယူနစ်လျှင် အနည်းဆုံး ၇၅ ကျပ်မှ အများဆုံး ၁၅၀ ကျပ်အထိလည်းကောင်း ဧပြီ ၁ ရက်မှစတင်၍ တိုးမြှင့်ကောက်ခံ ရန် မတ်လ ၁၉ ရက်က ကျင်းပ ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အိမ်သုံးမီတာများအတွက် ကောက်ခံမည့်နှုန်းထား
ယူနစ် ကျသင့်ငွေ(ကျပ်
၁−၁၀၀ ၃၅
၁၀၁−၂၀၀ ၄၀
၂၀၀ နှင့်အထက် ၅၀
လုပ်ငန်းသုံးမီတာများအတွက် ကောက်ခံမည့်နှုန်းထား
ယူနစ် ကျသင့်ငွေ (ကျပ်)
၁-၅၀၀ ၇၅
၅၀၁-၁၀၀၀၀ ၁၀၀
၁၀၀၀၁-၅၀၀၀၀ ၁၂၅
၅၀၀၀၁-၂၀၀၀၀၀ ၁၅၀
၂၀၀၀၀၁-၃၀၀၀၀၀ ၁၂၅
၃၀၀၀၀၁ နှင့်အထက် ၁၀၀
သိမ့်သိမ့်စိုး၊ထွန်းခိုင် | 7day daily
ယူနစ် ကျသင့်ငွေ (ကျပ်)
၁-၅၀၀ ၇၅
၅၀၁-၁၀၀၀၀ ၁၀၀
၁၀၀၀၁-၅၀၀၀၀ ၁၂၅
၅၀၀၀၁-၂၀၀၀၀၀ ၁၅၀
၂၀၀၀၀၁-၃၀၀၀၀၀ ၁၂၅
၃၀၀၀၀၁ နှင့်အထက် ၁၀၀
သိမ့်သိမ့်စိုး၊ထွန်းခိုင် | 7day daily

မှတ်ချက်များ