ညီအစ်မသုံးယောက် သူတို့ကလေးတွေကို ကိုင်ထားတဲ့ ဂျပန်မိသားစုပုံတစ်ပုံလို့ ထင် မှာ သေချာပါတယ်။ တကယ်တော့ မဟုတ် ပါဘူး။ တရုတ်ဆိုရှယ်ဝက်ဆိုက် Weiboမှာ ဟော့ဖြစ်နေ တဲ့ ဒီပုံဟာ အဘွားရယ်၊ သမီးတွေရယ်၊ မြေးတွေ ရယ် ရိုက်ထားတဲ့ ပုံတစ်ပုံဖြစ်ပါတယ်။
အဘွားဖြစ်သူရဲ့ရုပ်ရည်ဟာ သူတို့အတွက် မယုံကြည်နိုင်စရာ ဖြစ်နေတယ် လို့ဆိုပါတယ်။ Kaazuko Inoue လို့ခေါ်တဲ့ ညာဘက်အစွန်က တစ်ယောက်ဟာ အဘွားဖြစ်ပါတယ်။
သူမကို ဂျပန်မှာတော့ bimajo(လှပတဲ့စုန်းမ) လို့ လူသိများပြီး ၃၅ နှစ်ကျော်ခဲ့ပေမဲ့ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုတဲ့ မိန်းမတွေကို ခေါ်တဲ့နာမည် လည်း ဖြစ်ပါတယ်။ ၄၂ နှစ်ရှိနေပြီဖြစ်တဲ့ Inoue ဟာ မကြာသေးခင်ကမှ Kansai Bimajo အလှပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါသေးတယ်။
ဒီပုံကတော့ သူတို့အကြောင်း ဆောင်းပါး ပါဝင်တဲ့ ဂျပန်အမျိုးသမီး မဂ္ဂဇင်း 美ST က မျက်နှာဖုံးပုံဖြစ်ပါ တယ်။ Inoue ဟာ ၁၉နှစ်မှာ လက်ထပ်ခဲ့ပြီး လက်ထပ်တဲ့နှစ်မှာပဲ ပထမဆုံးသမီးကို မွေးခဲ့ပါတယ်။ ပုံထဲမှာ မပါတဲ့ သူမယောက်ျားကိုလည်း စိတ်ဝင်စားနေကြပြီး လူတစ်ဦးက “ငါသိတယ် ယောက်ျားတွေကတော့ အဲ့အိမ်က လူဖြစ်ချင်နေမှာပဲ”လို့ကော်မန့်ပေးခဲ့ပါတယ်။
နောက်တစ်ယောက် ကလည်း “ယောက်ျားတော့ သနားပါတယ်။ ဒီလိုလှဖို့ ပိုက်ဆံဘယ်လောက်တောင် ကုန်လိုက်မလဲ တွေးကြည့်စမ်း” လို့ရေးသားခဲ့ကြပါတယ်။ Inoue ရဲ့သမီးတွေကလည်း သူမရဲ့ခြေရာအ တိုင်း ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ပြီး ကလေးတွေ ယူထားကြတယ်လို့ ဆိုပါတယ်။
ဒီလိုပုံမျိုး နောက်ထက်မျိုးဆက် တစ်ဆက် ထပ်တိုးပြီး မြင်ရမလားဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်တဲ့…
ဖိုးသူတော်
မူရင်း အပြည့်အစုံဖတ်ရန်

မှတ်ချက်များ