ကိုယ်ဝန်ဆောင်စဉ် ယာဉ်မောင်းနှင်နေသူများ အထူးသတိပြုဖို့လို

ကိုယ်ဝန်ဆောင်ကာလ ဒုတိယ သုံးလပတ်အတွင်း ယာဉ်မတော်တဆမှုမှာ အပြင်းအထန်ဒဏ်ရာရခြင်း အန္တရာယ်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မှာ မြင့်တက်နေ တယ်လို့ကနေဒါနိုင်ငံရဲ့ လေ့လာ မှုသစ်တစ်ရပ်အရ သိရပါတယ်။

အရေးပေါ်ခန်းကိုပို့လိုက်ရတဲ့ ယာဉ်မတော်တဆ မှုတစ်ခုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ပါဝင် ပတ်သက်နိုင်နှုန်း ဟာ သာမန်အမျိုးသမီးတွေနဲ့ယှဉ်ရင် ၄၂ရာခိုင်နှုန်း ပိုများကြောင်း သုတေသီတွေက ရှာတွေ့ခဲ့ပါတယ်။

“ပုံမှန်ကိုယ်ဝန်ဆောင်မှု တစ်ခုမှာ ပင်ပန်းနွယ်နယ်မှုတွေ၊ မအီမသာဖြစ်တာတွေ၊ စိတ်အခြေအနေ မတည်ငြိမ်တာတွေ၊ စိုးရိမ်ကြောင့်ကျမှုတွေ နဲ့ အနှောင့်အယှက်အာရုံတွေ အများကြီးဖြစ်နေနိုင်ပါတယ်။ ဒါတွေအားလုံးဟာ အာရုံပျက်ပြားတဲ့ ယာဉ်မောင်းနှင်မှုကို ဖြစ်လာစေနိုင်ပါတယ်။” လို့ Toronto တက္ကသိုလ်က ဦးဆောင်စာတမ်းပြုသူ ဒေါက်တာ Donald Redelmeier က ပြောပြခဲ့ပါတယ်။

သီဟနိုင် | Trend Myanmar

မှတ်ချက်များ