သမီးမွေးနေ့အတွက် ဖိတ်စာ လိုက်ဖိတ်သည့်ဖခင် ကားကြိတ်ခံရ၍သေဆုံး

ရေတာရှည်မြို့၊ အမှတ်(၄)ရပ်ကွက်တွင်နေထိုင် သည့် ကိုကျော်သူ (၄၄)နှစ် သည် မေလ(၁၃) ရက်နေ့တွင် သမီးဖြစ်သူ၏ မွေးနေ့ပွဲအတွက် ဖိတ်စာများလိုက်ဝေရင်း ရွှေကံ့ကော် စားသောက် ဆိုင်တွင် မိတ်ဆွေ သူငယ်ချင်းများကို ဧည့်ခံကျွေးမွေးခဲ့သည်။

ထို့နောက် ဖိတ်စာဝေရန် အဆိုပါဆိုင်မှ ဟွန်ဒါ အမျိုးအစား ဆိုင်ကယ်ဖြင့် ရန်ကုန်- မန္တလေး ကားလမ်းအတိုင်း တောင်ဘက် သို့ ထွက်ခွာသွားရာ ရွှေပြည်ကုန်း ဘုရားအနီးတွင် လူတစ်ဦး ကားကြိတ် ခံရ၍ သေဆုံးကြောင်း သတင်း အရ ရေတာရှည် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး ခဲ့ရာ ကားလမ်း အရှေ့ဘက် (၃)ပေခန့်၌ ကားကြိတ် ခံရ၍ အူများထွက် လျှက် သေဆုံးသူမှာ ကိုကျော်သူ ဖြစ်ကြောင်း သိရှိရပြီး ရေတာရှည်မြို့မ ရဲစခန်းက ယာဉ်(ပ) ၂၅/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ကာ ယာဉ် အား ဆက်လက် စုံစမ်းလျှက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

မှတ်ချက်များ