ရေချိုးခြင်းက ပြောတဲ့ သင့်ရဲ့ စိတ်နေစိတ်ထား

(၁) ခြေထောက်ကနေစပြီး ရေလောင်းချိုးတဲ့သူ

ကိုယ့်ကိုကိုယ် ယုံကြည်ချက်လွန်ကဲသောသူ၊ တကိုယ်ကောင်းဆန်တဲ့အတွေးတွေရှိတက်ပါတယ်။သူတပါး ရဲ့ထင်မြင်ချက်ကိုလည်းလက်ခံတက်ဖို့လိုပါတယ်။

(၂)လက်ကနေစပြီး ရေလောင်းချိုးတဲ့သူ

သူကတော့ အချွဲသန်တက်ပြီး တယောက်တည်းနေရမှာကို သိပ်ကြောက်တက်ပါတယ်။ဒါပင်မဲ့ ပျော်ပျော်နေ တက်တဲ့အတွက် သူငယ်ချင်းတွေများများရအောင်ကြိုးစားပါ။

(၃)ခေါင်း၊ဆံပင်ကနေစပြီး ရေလောင်းချိုးတဲ့သူ

သူကတော့ ဘယ်လိုစိတ်နေစိတ်ထားရှိတယ်ဆိုတာမှန်းရခက်ပါတယ်။ပတ်ဝန်းကျင်မှာရှိတဲ့အရာအားလုံးကို စိတ်ဝင်စားလေ့ရှိပြီးလုပ်လိုက်ရင် တစ်ဝက်တစ်ပြတ် ဖြစ်နေတက်ပင်မဲ့ ပြီးမြောက်အောင်လုပ်လေ့ရှိ ပါတယ်။

(၄)ရင်ဘတ်၊ ဗိုက်ကနေစပြီး ရေလောင်းချိုးတဲ့သူ

ဘာမဆို အရမ်းစိတ်ပူတက်လေ့ရှိပါတယ်။ အဲဒီအတွေးကြောင့် မကောင်းတဲ့ဘက်ကိုတွေးတာများတက် တယ်။ တခါတလေတော့လည်း ဘာမှမတွေးဘဲ လုပ်ကြည့်ရင်ကောင်းပါတယ်။

အချစ်ရေးနဲ့ပတ်သက်လာသောအခါ …

(၅)ဆံပင်နဲ့မျက်နှာကို သေသေချာချာ အလေးထားပြီး သန့်စင်တဲ့သူ

သူကတော့ အချစ်ရေးမှာ ကိုယ်ချစ်တဲ့သူကို နောက်ကွယ်မှာပဲ ကြိတ်ချစ်နေရတဲ့သူဖြစ်လိမ့်မယ်။သူရဲ့ စိတ်လေး ကိုက သူတပါးဒုက္ခမရောက်အောင်၊ ကူညီချင်တဲ့စိတ်က အပြည့်ရှိပါတယ်။

ကူညီချင်တဲ့စိတ်ကြောင့် ငွေရေးကြေးရေးအတွက် အသုံးချခံရတက်ပါတယ်။အဲဒီလို မဖြစ်ရအောင်ပတ်ဝန်း ကျင်က သတိပေးစကားကို နားထောင်သင့်ပါတယ်။

(၆)လက်နဲ့လက်ချောင်းကို သေသေချာချာ အလေးထားပြီး သန့်စင်တဲ့သူ

သူကတော့ အချစ်ရေးမှာ ချစ်သူရဲ့ ဂရုတစိုက် အလေးထားမှုကိုခံယူချင်တဲ့သူဖြစ်ပါလိမ့် မယ်။ချစ်သူဖြစ်နိုင် တဲ့ သူကတော့သူ့အတွက် အချိန်ပေးနိုင်မှ တော်ရာကျမှာပါ။အချိန်တွေ အရမ်းပေးရတော့လည်း ရန်ဖြစ်တဲ့အခါလည်းရှိနိုင်ပါတယ်။နှစ်ယောက်တည်း မနေပဲနဲ့ ပတ်ဝန်းကျင်နဲ့လည်း သင့်တင့်အောင်နေ သင့်ပါတယ်။

(၇)လက်မောင်း၊ တတောင်ဆစ်ကို သေသေချာချာ အလေးထားပြီး သန့်စင်တဲ့သူ

သူကတော့ အချစ်ရေးမှာ ချစ်သူရဲ့လိုအပ်ချက်ကို အမြဲဖြည့်စီးပေးချင်တဲ့ဆန္ဒရှိပါတယ်။ ချစ်သူက ဘာမှမတောင်းဆိုလာရင်တခုခု လိုအပ်နေတယ်လို့ခံစားရမှာပါ။ကိုယ်ကလိုအပ်တဲ့အချိန်ကရင်လည်း သူကမရှိရင် စိတ်ဓိတ်ကျတက်ပါတယ်။

ချစ်သူကို အရမ်းအားမကိုးပဲ ကိုယ့်မှာ ရည်ရွယ်ချက်လေးတွေတော့ ထားသင့်ပါတယ်။တခါတလေလည်း စိတ်ပြေလက်ပြောက်ကိုယ်လုပ်ချင်တာလေးတွေကို လုပ်သင့်ပါတယ်။

(၈)ခြေထောက်၊ ခြေဖနှောင့်ကို သေသေချာချာ အလေးထားပြီး သန့်စင်တဲ့သူ


သူကတော့ ချစ်သူကလိုချင်တဲ့အတိုင်း လိုက်လုပ်လေ့တော့မရှိပါ။ကိုယ့်ကို လာပြီးချွဲတဲ့လူမျိုးနဲ့တော့ မကိုက်ပါ။တဖက်မှာ အလုပ်(သို့) ဝါသနာပါတဲ့အရာကို စွဲစွဲလမ်းလမ်းရှိတဲ့သူနဲ့ဆိုရင်တော့ အဆင်ပြေနိုင် ပါတယ်။

Celmo

မှတ်ချက်များ