အင်းလျားမှာ


အင်းလျား ဟာ အဖြူရောင်မဟုတ်ဘူး

အင်းလျားမှာ ရမ္မက်မီးတွေ လောင် နေတယ်

ကန်ရေထဲလွင့် သွားတဲ့ သီချင်းသံမှာ အပြာရောင်တွေ ဝေလို

တိုက်လာတဲ့လေထဲ အမှတ်တရ ဆိုတာ ထည့် ရှုလိုက်တော့

အတွဲတစ် တစ်တွဲရဲ့ သက်ပြင်းချသံတွေ ပါလာတယ်



အင်းလျားကိုမော့ ကြည့် လို့တော့ ရတယ်

မော့ ကြည့်ရင်၊ မီးအလင်းက ငါ့မျက်လုံးကိုများ မြင်သွားမလား

မျက်လုံးက မီးအလင်းကိုဖောက်ပြီး ၊

သူ့ နောက် က ကြယ်ကလေးရဲ့ သက်တမ်းကို လှမ်းငေး၊

ငေးတယ်ဆိုတာ၊ သေချာကြည့် တာ တော့ မဟုတ်ဘူး



အဆောင် သီချင်းတွေ အင်းလျား မှာ လာ ၇ှာ

ခပ်ခွာခွာလေး နေဖို့ က လွဲရင် အားလုံး လှတယ်

သူ့ရဲ့ ပလက်ဖောင်းဟာရသစုံ မြင်ကွင်းတစ်ခု

သူ့မြို့ကလေး ဟောင်းတောင်၊ သူက အမြဲတမ်းအသစ်



အင်းလျားဟာ တံခါးပေါက်လေး တစ်ချပ်လို

တစ်ချို့ လာတွန်းပြီး ဆူလောင်သံတွေပစ်ချ

တစ်ချို လာတွန်းပြီး အကြည် ဓာတ်တွေယူသွားလို့

အင်းလျားရေထဲ ဖမ်းမိတဲ့ အသံက

စာလုံပေါင်း တွေလွဲနေတယ်



အင်းလျားကို ငုံ့ ကြည့် လို့ လည်းရတယ်

ငုံ့ ကြည့် တော့ သူ့ အလျင်နဲ့ ပြိုင်နေပြီ လမ်း ၊

နောက်ဆုံး ခေတ်ကိုထမ်းပြေး နေတာ

ဘယ်နေရာထိ ဝေးဝေး ရောက် မှာလည်း ဆိုတုန်းမှာ၊

ပျောက် သွားတယ်၊ ပြန်ကောက်ရတာတွေ ထဲမှာ လိုက်၇ှာ

ပြန်လည်း ပါမလာတော့ ဘူး



ဗူးသီကြော်စားလိုက်တာပဲ အင်းလျားကချိုနေတယ်

ပေါက်ကွဲ သံစဉ်တွေကလည်း ကန်ဘောင်မှာ ထိုးထိုး ထောင်ထောင်

စွန့်ပစ်လိုက်တဲ့ေ၇သန့် ဘူးတောင် အေဘီစီဆိုလို့၇နေတယ်

နီယွန်မီးတွေနဲ့ ချစ်ခြင်းမေတ္တာတွေ လင်းနေလိုက်ပုံများ

သူ့ကို သူပြန်ငေး ရင်း ၊ အင်းလျားရေက အလိုလို ကြည်လို့



လမ်းတွေ ထိုင်ခုံတွေ ပြောင်းလိုက်လည်း

အင်းလျားရဲ့  အရောင်က မပြောင်းသေးဘူး

ဆေးပေါ့လိပ်ထိပ်က ငြိမ်းသွားတဲ့မီးစက

ကန်လယ်က ကျွန်းမှာ လင်းကောင်းတုန်း ...



အင်းလျားနဲ့ တသားတည်း ဖြန့်ချ လိုက်လို့ ရတယ်

အချိန်တန် ပြီဆို နေ့စဉ်ပိတ်လိုက်လို့ လည်းရတယ်

နောက်နေ့ နေမင်း ကိုယ်တိုင်က

သူ့ အလင်းနဲ့ ပြန်ဖွင့် ပေးမှာပဲ

ခေတ်အဆက်ဆက်က ၊ လူငယ်တွေရဲ့ ရင်ရိပ်

စိတ်မိုင်ကုန်၊ စုပြုန် ထိုးထိုး ကျပြီးနေလာတဲ့ ဒီနေ၇ာ

တာဝန် မကျေတာ မရှိဖူးဘူး၊

ဘယ်ခေတ်မှာ မှ ၊ အဆုံးသတ်ခံတာ မ၇ှိဖူးဘူး ။

မောင်အောင်ပြည့် ၊ ဒီလူကလေး ၊ ရွှေမိုးမြူ | Trend Myanmar

မှတ်ချက်များ