အစၥလာမ္ဘာသာမွ နုတ်ထွက်ကာ ခရစ်ယာန်အမျိုး သားတစ်ဦးနှင့် လက်ထပ်ခဲ့သည့်အတွက် ကလေး မိခင် တစ်ဦးအား သေဒဏ်ချမှတ်ထားခြင်း ကိုပြန် လွှတ်ပေးရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကတိုက်တွန်း လိုက်သည်။
ဒေးဗစ်ကင်မရွန်းက ၎င်းတို့သည် ဆူဒန်အာဏာ ပိုင်များက မစ္စစ်မာရီယမ် ယာယာအီဘရာဟင် အီရှက် အား ပြုမူဆက်ဆံပုံကြောင့် တုန်လှုပ်ချောက် ချား မိကြောင်း ဆိုသည်။ အီဘရာဟင်သည် ဖခင်ဖြစ်သူမှာ မွတ်စလင်ဖြစ်ပြီး ခရစ်ယာန်ဖြစ်သူခင်ပွန်း သည်နှင့် လက်ထပ်ပြီး ဘာသာကိုစွန့်ပယ်ခဲ့မှုဖြင့် ထောင်ဒဏ်ချ မှတ်ခံရခြင်းဖြစ်သည်။
၎င်းသည် ထောင်ဒဏ်ကျခံချိန်တွင် ကိုယ်ဝန်နှင့်ဖြစ်ရာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အကျဉ်းထောင်ထဲ၌ပင် ကလေးမီးဖွားခဲ့သည်။
‘‘ဘာသာရေးလွတ်လပ်ခွင့်ဟာ လုံးဝအခြေခံကျတဲ့ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ ဆူဒန်အစိုးရအနေနဲ့ ဒီပြစ်ဒဏ်ကို ပြန်ပယ်ဖျက်ဖို့၊ သူမနဲ့ ကလေးငယ်အတွက် သင့်လျော်တဲ့ထောက်ပံ့မှုနဲ့ ဆေးကုသမှုတွေပေးဖို့ တိုက်တွန်းပါတယ်’’ဟု ဝန်ကြီးချုပ်ကင်မရွန်းက ပြောသည်။
အီဘရာဟင် (၂၇)နှစ်သည် မိခင်မှာအော်သိုဒေါက်ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ၎င်းကိုယ်တိုင်ခရစ်ယာန် အဖြစ် ကြီးပြင်းလာသော်လည်း တရားရုံးက ၎င်း၏ ဖခင်ဖြစ်သူမှာ မွတ်စလင်ဖြစ်၍ ၎င်းကိုလည်း အစ္စလာမ် အဖြစ်သာ သတ်မှတ်ခဲ့သည်။ အီဘရာဟင်ကမူ ထိုသို့ဘာသာပြောင်းရန် လက်မခံသဖြင့် အစ္စလာမ်ဘာ သာကိုစွန့်လွှတ်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
အီဘရာဟင်သည် ၂၀၁၁ ခရစ်ယာန်တစ်ဦးနှင့် လက်ထပ်ခဲ့ရာတွင် ၎င်း၏ ထိမ်းမြားမှုမှာ အစ္စလာမ် ဥပဒေနှင့်မညီဟု ဆိုကာ ပယ်ဖျက်ခံရဖူးပြီး အိမ်ထောင်ရေးဖောက်ပြန်မှုပုဒ်မဖြင့် ကြိမ်ဒဏ်အချက် ၁၀၀ ချမှတ်ခြင်းခံခဲ့ရသည်။ ဆူဒန်သည် အစ္စလာမ်ဘာသာဝင် မွတ်စလင်အများစုရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး အစ္စလာမ်မစ်ဥပဒေကို ၁၉၈၀ ပြည့်နှစ်မှစ၍ ကျင့်သုံးခဲ့ကြသည်။
ယခုဖြစ်စဉ်ကို ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းအပြင်၊လက်ထောက် ဝန်ကြီးချုပ် နစ်ကလတ်ခ်ျ၊ လေဘာပါ တီခေါင်းဆောင် အက်ဒ်မီလီဘန့်တို့ကလည်း ကန့်ကွက်ခဲ့ကြသည်။ အီဘရာဟင်၏ အမေရိကန်နိုင်ငံသား ခင်ပွန်းသည် ဒန်နီယယ်ဝမ်နီကလည်း ၎င်းသည် ဇနီးဖြစ်သူ၏ သေဒဏ်အတွက် တရားရုံးသို့ အသနားခံစာ တင်မည်ဖြစ်ကြောင်း ဆိုသည်။ မစ္စတာဝမ်နီသည် ဗုဒ္ဓဟူးနေ့တွင် ထောင်ထဲသို့သွားရောက်ကာ ဇနီးဖြစ် သူနှင့် ၎င်းတို့၏ သမီးငယ်ကို သွားရောက်ကြည့်ရှုခွင့်ရခဲ့ပြီး ကလေးနှင့်မိခင်နှစ်ဦးစလုံးမှာ ကျန်း မာကြောင်း ပြောသည်။ ၎င်းတို့တွင် ယခုထောင်ထဲ၌မွေးသော သမီးငယ်အပြင် ၂ နှစ်အရွယ်သားတစ်ဦး လည်းရှိသည်။
BBC
ပင်မ
/
ခရစ်ယာန်အမျိုးသားနှင့် လက်ထပ်မိ၍ သေဒဏ်ချမှတ်ခံရသူ ကလေးမိခင်ကို ပြန်လွှတ်ပေးရန် ဆူဒန်အစိုးရအား ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်း

မှတ်ချက်များ