ရုပ်ရှင်၊ ဓာတ်ပုံ၊ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ

ရုပ်ရှင်၊ ဓာတ်ပုံ၊ လူ့အခွင့်အရေးနှင့် စည်းရုံး လှုံ့ဆော်ရေးနယ်ပယ်များ၌ ပြည်တွင်းနှင့် နိုင် ငံတကာတွင် ထင်ရှားသော ကျွမ်းကျင်သူများသည်။ ၁၆-၆-၂၀၁၄ ရက်နေ့မှ ၁၈-၆-၂၀၁၄ ရက်နေ့အထိ ၃ရက်ကြာ အများပြည်သူ တက်ရောက်နိုင်သော အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပပါမည်။

အလုပ်ရုံဆွေးနွေးပွဲကို ပြည်လမ်းရှိ ဒိုင်းမွန်းကွန်ဒို တွင် ပြုလုပ်မည်ဖြစ်ပြီး ဟောပြောပို့ချချက်များ၊ အခြေအတင် ဆွေးနွေးပွဲများ၊ ရုပ်ရှင် ပြသခြင်းများနှင့် လူ့အခွင့်အရေး ရှုဖွယ် ဖြစ်စဉ်ပြောခြင်းနှင့်စည်းရုံးလှုံ့ဆော်ရေး ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်စေမည့် သင်တန်းများ ပါဝင်ပါမည်။

အလုပ်ရုံဆွေးနွေးပွဲအတွင်းတွင် တက်ရောက်သူများသည် စိတ်ကူးစိတ်သန်းများကို မျှဝေခြင်း၊ အားကောင်းသော မှတ်တမ်းရုပ်ရှင်နှင့် ဗီဒီယိုများအဖြစ် ရိုက်ကူးခြင်း တို့အတွက် အခွင့်အလမ်းများ ရရှိပါမည်။

မြန်မာနိုင်ငံနှင့် အခြား နေရာဒေသများတွင် လူ့အခွင့်အရေး ကိစ္စရပ်များကို သိမြင်နားလည်မှု တိုးတက်စေ ရန် အခြားသူများ၏ ရှုမြင်ပုံများကိုလည်း ဆွေးနွေးပါမည်။

ရန်ကုန်မြို့တွင် ပြုလုပ်မည့် ဒုတိယအကြိမ် လူ့အခွင့်အရေး လူသား ဂုဏ်သိက္ခာ ဒုတိယအကြိမ် ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်များ ပြသပါမည်။

ရုပ်ရှင်နယ်သားများနှင့် စိတ်ကူးစိတ်သန်း များ ဖလှယ်ပြီး ဒီမိုကရေစီနှင့် တရားမျှတမှုအတွက် ရုပ်ရှင်ဖြင့် ထုတ်ဖော်နိုင်ပုံကို လေ့လာသင်ယူနိုင်ပါမည်။

ဗြိတိသျှကောင်စီ၏ ညွှန်ကြားရေးမှူး Kevin Mackenzie က `ဤ အလုပ်ရုံဆွေးနွေးပွဲတွင် လူ့အခွင့်အရေး ဖြစ်စဉ် ဇာတ်လမ်းများကို တင်ဆက်သည့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်နိုင်ရန် ထူးခြားသော အခွင့်အလမ်း ရရှိမည် ဖြစ်ကြောင်း၊ ယခုအချိန်သည် လူ့အခွင့်အရေး ကိစ္စရပ်များ ကို စူးစမ်းလေ့လာပြီး ပရိတ်သတ်ထံ အကောင်းဆုံး မည်သို့ တင်ဆက်နိုင်မည်ကို လေ့လာသင်ယူရန် သင့်တော်သည့် အချိန်ဖြစ်ကြောင်း၊ ဤသို့ စုစည်းမိကြပြီး အထူးကြိုးပမ်းဆောင်ရွက်ကြသည့် မိတ်ဖက်များနှင့်အတူ လုပ်ဆောင်ရသည့်အတွက် အထူးဝမ်းမြောက် ကြောင်း´ ပြောကြားပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် သင်တန်းနည်းပြတစ်ဦးဖြစ်သော နာမည်ကျော် ရုပ်ရှင်ရိုက်ကူးသူ Nick Danziger က `ရန်ကုန်မြို့တွင် မနှစ်ကလည်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ တက်ရောက်သူများထံမှ စိုးရိမ် ပူပန်မှု များနှင့် မြန်မာနိုင်ငံ၏ အနာဂတ် ဦးတည်ရာဘက်ကို ကြားသိခဲ့ရကြောင်း၊ ဤအလုပ်ရုံဆွေးနွေးပွဲမှာ ကမ္ဘာပေါ်တွင် အခြားနေရာဒေသများ၌လည်း ပြုလုပ်ခဲ့ပြီး အပြုသဘော အပြောင်းလဲဖြစ်စေရန်
သက်ဆိုင်သူများ အနေဖြင့် လုပ်ဆောင်နိုင်မည့် အနေအထားကို လမ်းကြောင်းစုစည်းပြီး အာရုံစူးစိုက်နိုင်စေသည့် နည်းလမ်း တစ်ရပ်ဖြစ်ကြောင်း´ ပြောကြားပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံဗြိတိသျှကောင်စီ၊ လူ့ဂုဏ်သိက္ခာရုပ်ရှင်အဖွဲ့၊ မြန်မာလှိုင်းသစ်ထုတ် လုပ်ရေး (Myanmar New Wave Production) နှင့် အိုင်ယာလန်ရှိ ရုပ်ရှင်နှင့် ဟုစ်တန် ဒစ်ဂျစ်တယ် မီဒီယာဆိုင်ရာ သင်တန်းကျောင်းမှ လူ့အခွင့်အရေးနှင့် စည်းရုံး လှုံ့ဆော်ရေး ရုပ်ရှင် တို့က ပူးပေါင်း စီစဉ်ပြုလုပ်ပြီး Open Societyဖောင်ဒေးရှင်းများမှ ပံ့ပိုးမှု ရရှိပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ အခမဲ့တက်ရောက်နိုင်ပါသည်။ လက်ခံနိုင်သော နေရာအရေအတွက်မှာ အကန့်အ သတ် ရှိပြီး တက်ရောက်လိုပါက လျှောက်လွှာတင်သွင်းရန် ဖြစ်ပါသည်။

လျှောက်လွှာလက်ခံမည့် နောက်ဆုံးနေ့စွဲမှာ ၃၀-၅-၂၀၁၄ ဖြစ်ပါသည်။အလုပ်ရုံဆွေးနွေးပွဲအစီအစဉ် အပြည့်အစုံနှင့် လျှောက်လွှာပုံစံကို အင်တာနက်လိပ်စာ http://www.britishcouncil.org.mm/events တွင် ဖော်ပြထားပါသည်။

ဧရာဝတီ

မှတ်ချက်များ