စိုင်းစိုင်းခမ်းလှိုင်ရဲ့ နိုင်ငံရေး

အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ နိုင်ငံရေးအကြောင်းကို တနင်္လာနေ့မနက်က အွန်လိုင်းမှာ ရေးထားပါတယ်။သူ့ရဲ့ဖေ့စ်ဘုတ် မှာ ကဗျာဆန်ဆန် ရေးထားတာပါ။

သူ ဘာတွေ လုပ်ကိုင်နေတယ်ဆိုတာကို အဲဒီမှာ တွေ့ရပါလိမ့်မယ်။

တင်ပြီး တနာရီအတွင်း မှတ်ချက်ပေးသူ တရာကျော်သွားပါတယ်။ မှတ်ချက်ပေးသူ အများစုက အမျိုးသမီးပရိသတ်ပါ။ ပရိသတ်တယောက် မှတ်ချက်ပေးထားတာက … နိင်ငံေ၇းလုပ်ဖို့အဆွယ်ခံနေရပြီလား တဲ့။

သူ့ facebook https://www.facebook.com/saisai.frenzo မှာ သူ ရေးထားတာတွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

ကျနော်
သာမန် ပြည်သူတစ်ယောက်ဖြစ်ပါသည်
အနုပညာလုပ်ပါသည်

ဖျော်ဖြေရေးလုပ်ငန်းတစ်ခုပိုင်ဆိုင်ပါသည်

ဝန်ထမ်းအနည်းငယ်ကို အလုပ်ပေးထားနိုင်ပါသည်
၎င်းတို့၏ ကိစ္စ္စအဝဝကို တာဝန်ယူနိုင်ရန် ကြိုးပမ်းပါသည်

လောလောဆယ်အထိတော့ ကျနော့်ဦးနှောက်ခပ်သေးသေးက ဒီလောက်ပဲတတ်နိုင်ပါသေးသည်

မနိုင်ဝန် မထမ်းလိုပါ

ကျွမ်းကျင်ရာသာ လိမ္မာပါသည်

ဒါသည်ပင် ကျနော်၏နိုင်ငံရေးဖြစ်ပါသည်

ဧရာဝတီ

မှတ်ချက်များ