မီးမဖြတ်ဘူးပြောပြီး နေ့စဉ် မီးပြတ်နေလို့ ရန်ကုန်ပြည်သူအချို့ ဒေါသထွက်

ရန်ကုန်မြို့ကို လုံးဝမီးမဖြတ်ပါလို့လျှပ်စစ်ဖြန့်ဖြူးရေး အဖွဲ့က ပြောပြီးတဲ့နောက်နေ့ကစပြီး မေလ၆ရက်နေ့ အထိ မြို့နယ်တိုင်းလျှပ်စစ်မီးတွေပြတ်တောက်နေဆဲ ပါ။ ပြည်သူကို အရူးလုပ်တာလားဆိုပြီးလုပ်ငန်း ရှင်တွေလည်း ဒေါသတွေ ထွက်နေကြပါတယ်။

ဓာတ်ခအားနှုန်းထားသစ်တွေကြောင့် အင်တာနက် ကဖေးဆိုင်မှာ သုံးစွဲလို့ ကျသင့်တာက တစ်လ တစ် သိန်းခွဲကုန်နေတဲ့ ကိုထွန်းအောင်ကျော်က မီတာ ခတွေ တိုးကောက်တော့လည်း ၂သိန်းကျော် ပေးနေရတုန်းပါပဲလို့ ဆိုပါတယ်။ ဒါပေမယ့် မီးဖြတ်ဘူးဆိုပြီး မီးဖြတ်နေတာလို့ ထောက်ပြပါတယ်။

မီးပုံမှန်မလာတဲ့အပြင် လာတဲ့အခါမှာလည်း ဓာတ်အားမငြိမ်တာတွေရှိနေဆဲမို့ အစိုးရအနေနဲ့ အပြောနဲ့ အဟော မညီတာကြောင့် သင်္ကြန်အမြှောက်တွေပါလို့ ဆိုလာသူက တာမွေ မေတ္တာညွန့်ရပ်ကွက်က သမာဓိလမ်းမှာ နေထိုင်သူပါ။

မီးဖြတ်ရတာဟာ လိုအပ်ချက်ကြောင်း စီမိံကန်းချပြီး မီးဖြတ်ရတာ၊ အရေးပေါ်အခြေအနေနဲ့ သဘာဝဘေး အန္တရာယ် ဆိုတဲ့ ၃ခုကလွဲရင် ကျန်တဲ့အချိန်မှာ မီးမဖြတ်ပါဘူးလို့ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့က ဆိုပါတယ်။ မနှစ်တုန်းက နွေရာသီမှာ ဓာတ်အားမလုံလောက်လို့ မီးမပေးနိုင်ခဲ့ပေမယ့် ဒီနှစ်တော့ မိုးကောင်းခဲ့လို့ ရေအားလုံလောက်တာကြောင့် မီးပြည့်ပြည့် ပေးနိုင်မယ်လို့ ဆိုပါတယ်။

မီးအားလုံလောက်ဖို့ အာမ မခံနိုင်တာက လာမယ့်နှစ်မှာ တိုးလာမယ့် မီးသုံးစွဲမှု ၁၅%ရယ် လျှပ်စစ်မီးကို ရေအားနဲ့ ကျောက်မီးသွေးတွေကနေ ကန့်သတ်ချက်နဲ့ လုပ်နေရတာဖြစ်တယ်။ အခုမှ နေရောင်ခြည်ကနေ စွမ်းအင်ထုတ်ဖို့ ဆွေးနွေးဆဲပဲလို့ ဆိုပါတယ်။


Kamayut Media

မှတ်ချက်များ