အဆိုတော် အမျိုးသမီး ၁၂ယောက်ရဲ့ ပေါင်းစည်းမှု ဘယ်လိုရသမျိုးပေးခဲ့လဲ

ထူးခြားတဲ့ရသကို ပေးဆပ်ချင်လို့တစ်ချိန် က အောင်မြင်ခဲ့တဲ့သူတွေရော၊ လက်ရှိ အောင်မြင်နေတဲ့သူ ထိပ်တန်းအမျိုးသမီး ၁၂ယောက်က ဂီတပွဲကြီးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ ၁၂ယောက်စလုံးကို စုစည်းပြီး ဖျော်ဖြေရတာ တ ကယ်လွယ်ကူပါရဲ့လား။

နိုင်ငံကျော် အဆိုတော် မေဆွိက သူတာဝန်ယူစီစဉ် တဲ့ အမျိုးသမီးအဆိုတော် ၁၂ယောက်ရဲ့ ဂီတဖျော်ဖြေပွဲကို သူ့အနေနဲ့ အားရကျေနပ်ဖြစ်မိပါတယ် လို့ ပြောပါတယ်။ ခေတ်နှစ်ခုက အောင်မြင်တဲ့ အမျိုးသမီးအဆိုတော် တစ်ဒါဇင်ကို စုစည်းပြီး တင်ဆက်ခဲ့ တာမို့ ပရိသတ်တွေ ကျေနပ်အားရမယ်လို့ ဆိုပါတယ်။

The Dozen Ladies Music Concert ကို ရှင်စောပုလမ်းက Myanmar Event Park မှာ မေလ ၁၁ရက်နေ့ ညက ဖျော်ဖြေတင်ဆက်ခဲ့တာဖြစ်ပြီး မေဆွိ၊ မေခလာ၊ ကော်နီ၊ တင်ဇာမော်၊ ထွန်းအိန္ဒြာဗိုလ်တို့ ငါးယောက်နဲ့အတူ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့်၊ ချမ်းချမ်း၊ ချစ်သုဝေ၊ ဝိုင်းစုခိုင်သိန်း၊ ရေဗက္ကဝင်းနဲ့ ရှင်ဖုန်းတို့ အချိတ်အဆက်မိမိ ဖျော်ဖြေခဲ့ပါတယ်။

သီချင်းပုံစံတွေ မတူကြပေမယ့် အနုပညာသမားအချင်းချင်း အနုပညာစိတ်ရှိတာချင်း တူညီကြတာမို့ စုစည်းမိတာဖြစ်သလို နောင်မှာလည်း Rap အဆိုတော် မိစန္ဒီ၊ Bobby Soxer စတဲ့ ဒီကနေ့ မျိုးဆက် သစ်တွေနဲ့လည်း တွဲဖက်ပြီး တင်ဆက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ရုပ်သံလွှင့်အစီအစဉ်ကလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့သလို အောင်မြင်ကျော်ကြားတဲ့ သီချင်းချိုချိုတွေကို နှစ်သက်ကြတဲ့ ပရိသတ်ရာပေါင်းများစွာကလည်း အားပေးခဲ့ကြပါတယ်။


Kamayut Media

မှတ်ချက်များ