ကျော် နဲ့ ပတ်သက်ပြီး ဗွီဒီယိုကို အဲဒီအဖွဲ့က ထုတ်ပြန်လိုက်ပါပြီ။
Boko Haram အဖွဲ့က နိုက်ဂျီးရီးယားမှာ ဖမ်းထားတဲ့ အစ္စလမ်အစွန်းရောက် စစ်သွေးကြွတွေကို ပြန် လွှတ်ပေး ရင် ဖမ်းဆီးထားတဲ့ နိုက်ဂျီးရီးယားကျောင်းသူ ၂ ရာကျော်ကို ပြန်လွှတ်ပေးမယ် လို့ ပြောထား ပါတယ်။
Boko Haram အစ္စလမ်အစွန်းရောက်အဖွဲ့ကထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုထဲမှာ အဖွဲ့ခေါင်းဆောင်က မိန့်ခွန်းစကား ပြောနေပြီး နေရာတခုမှာ ခေါင်းမြီးခြုံထားတဲ့ အမျိုးသမီး ၁ ရာကျော်လောက်ကိုလည်း ပြ ထား ပါတယ်။
အဲဒီဗွီဒီယိုထဲမှာ နိုက်ဂျီးရီးယားကျောင်းသူ ၁ ရာကျော်ဟာ အခုဆို အစ္စလမ်ဘာသာ ကူးပြောင်းပြီး သွားပြီ လို့ လည်း ပြောထားပြီး ကျောင်းသူ ၂ ဦးက သူတို့ဟာ ခရစ်ယာန်ဘာသာကနေ အစ္စလမ်ဘာသာကို ကူးပြောင်း ပြီးဖြစ်တယ်လို့ ပြောထားတာလည်း ပါဝင်ပါတယ်။
အဲဒီ ခရစ်ယာန်ဘာသာဝင် နိုက်ဂျီးရီးယား ကျောင်းသူ ၁ ရာကျော်ဟာ အစ္စလမ်ဘာသာဝင် အမျိုးသမီး
တွေ ဝတ်ဆင်ရသလို Hijabs လို့ ခေါ်တဲ့ ခေါင်းမြီးခြုံတွေ ဝတ်ဆင်ထားပြီး အစ္စလမ် ဘာသာလို ဝတ်ပြု ဆုတောင်း နေတာတွေလည်း ဗွီဒီယိုထဲမှာပြထားပါတယ်။
ဘယ်ကိုရောက်နေမှန်း မသိရသေးတဲ့ အဲဒီနိုက်ဂျီးရီးယား ကျောင်းသူတွေကို ပြန်လည် ကယ်တင်ဖို့ အမေရိကန်နဲ့ နိုင်ငံတကာက ထောက်လှမ်းရေးတွေနဲ့ ကယ်ဆယ်ရေး စစ်ဘက်ကျွမ်းကျင်သူတွေ လည်း နိုက်ဂျီးရီးယားမှာ ရောက်နေကြပြီး အမြန်ဆုံး ကယ်တင်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေကလည်း ဆိုပါတယ်။
အခုဆို အဲဒီ ကျောင်းသူလေးများ ကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်တာတွေလည်း နေရာတော်တော် များများ မှာ လုပ်ဆောင်နေကြပါသေးတယ်။

မှတ်ချက်များ