တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အမြန်လုပ်ဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ပါဝင် ဆုံးဖြတ်ခွင့်ပေးဖို့ ရှမ်းပြည်နယ်က အမျိုးသ မီးတွေက တောင်းဆိုလိုက်ပါတယ်။
တောင်ကြီးမြို့မှာ ကျင်းပတဲ့ အမျိုးသမီးနဲ့ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲကနေ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး အပါအ၀င် အချက် ၆ ချက်ကို ထုတ်ပြန်တောင်းဆိုလိုက်တာပါ။
အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးကို ထိခိုက်စေတဲ့ မုဒိန်းမှု၊ အိမ်တွင်း အကြမ်းဖက်မှုနဲ့ လူကုန်ကူး တာတွေကနေ ထိထိရောက်ရောက် အကာအကွယ်ပေး ဖို့လည်း တောင်းဆိုထားပါတယ်။
အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းပေါင်း ၆၀ ကျော်က အမျိုးသမီး ၁၅၀ လောက်တက်ရောက်ခဲ့ပါတယ်။
ပိုင်စိုး | ဒီဗွီဘီ

မှတ်ချက်များ