ဗဟိုအမျိုးသမီးသားဖွားဆေးရုံအကြောင်း ကိုယ်တွေ့လေး နည်းနည်းလောက်ပြောပြချင်တယ်

မွေးလူနာကို ခွဲခန်းမှ အထွက် အဆောင်ကို တွန်း လှည်းနဲ့ ပြန်တွန်းပို့ပေးတာ ၁၀၀၀၀ ပေးခဲ့ရတယ်။အဲဒါတောင် ၁၂၀၀၀တောင်းတာနော် ပိုက်ဆံ ၁၀၀၀၀ ယူပြီးတော့ အဲဒီလူက မိုက်တိမိုက်ကန်းနဲ့ ပြန်မေးသေးတယ်။

၁၀၀၀၀ပေးရတာ ကျေနပ်လားတဲ့ ငွေ ၁၀၀၀၀ မပေးနိုင်တဲ့ ဆင်းရဲတဲ့ လူနာတွေဆို ဘယ်လို လုပ်ရမလဲ၊ကလေးက အသက်ရှုမ မှန်လို့ အရေးပေါ်သွားရတော့လည်း လိုက်ပို့ပေးတဲ့ သန့်ရှင်းရေးက မုန့်ဖိုးတောင်းလို့ ၁၅၀၀ ပေးတာ နည်းလို့တဲ့ ပွစိပွစိ ပြောဆိုသွားသေးတယ်။

နောက် ဆရာမတွေ မုန့်စားဖို့ ၁၅၀၀၀ အဲ ပြောတော့ပြောပါတယ် စေတနာပါတဲ့ ဆရာမတွေကိုတော့ မပြောလိုပါဘူး သန့်ရှင်းရေးတွေ တွန်းလှည်းသမားတွေက နည်းနည်းလွန်နေသလားလို့ လူနာရှင်တွေက လည်း အလိုက်သိပါတယ်။

ပေးမှာပါ ဒါပေမယ့် သူတို့က ခွဲခန်းကနေ အဆောင်ပြန်ပို့ကို ၁၀၀၀၀ တောင်းတာတော့ လွန်လွန်းတယ်။

အဲဒီလိုတွေဖြစ်နေတာ ဆေးရုံက တာဝန်ရှိသူတွေက နည်းနည်းတော့ ထိန်းသင့်တယ်ထင်တယ်။ ငွေတကယ် အခက်အခဲဖြစ်နေတဲ့ လူနာတွေဆို ဘယ်လိုလုပ်မလဲ။

လူနာရှင်တွေက ပူပန်နေရတဲ့ကြားထဲ စိတ်အနှေင့်အယှက် အလွန်ကိုဖြစ်ရပါတယ်။
ဆေးရုံက လူကြီးတွေ မသိတာလား?
မသိချင်ယောင်ဆောင်တာလား?

Status From Khine Thinzar

မှတ်ချက်များ