ဒီညနေ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားနေတဲ့ မုန်တိုင်းဟာ ဒီညနေပိုင်းမှာ အင်အားကောင်းတဲ့ ဆိုင်ကလုန်းမုန် တိုင်းတခု ဖြစ်သွားနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ခန့်မှန်း ပြောကြားလိုက်ပါတယ်။ မုန်တိုင်း မြန်မာပြည် ၀င် မ၀င် ဆိုတဲ့ခန့်မှန်းချက်တွေ ကတော့ ၃ မျိုးလောက် ကွဲပြားနေတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမိုးလေ၀သဌာနကတော့ မြန်မာစံတော်ချိန် ၁၁း၃၀ နာရီအချိန် ထိုင်းထွာချက်အရ ဘင်္ဂလားပင် လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ လိမ္မော်ရောင်အဆင့်ကို ရောက်ရှိနေပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားနေတယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။

မုန်တိုင်းအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာစံတော်ချိန် ၄ နာရီမှာ ဦးထွန်းလွင်ကို ဆက်သွယ်မေးမြန်း ထားပါတယ်။



ရွှေအောင် | ဒီဗွီဘီ

မှတ်ချက်များ