မွန် ငါးကြင်း ဆီပြန်

အရသာ ကောင်းမွန်တဲ့ မွန်ရိုးရာ ငါးဟင်းပါ။ ငါးကြင်းကို ငပိ၊ ဆား၊ ဆနွင်းနဲ့ နယ်ပြီမှ မရမ်းပြား ရည်ထည့်ပြီ ချက်ထားတာမို့ ချိုချဉ် အရသာလေးနဲ့ အနံ့ကလည်း သင်းနေပါတယ်။ ပြီတော့ ချက်ရ လည်း လွယ်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်...

ပါဝင်ပစ္စည်းများ

• ငါးကြင်း - ၄၀ကျပ်သား (အနေတော် အရွယ် အတုံးများ တုံးပေးပါ)
• ငပိ - လက်ဖက်ရည်ဇွန်း တ၀က်
• ဆား - လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
• ဆနွင်း - လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
• မရမ်းပြား - ၃ပြား (ရေစိမ်ပြီ လက်ဖြင့် ဖျစ်ထားပေးပါ)
• ငရုတ်သီးစိမ်း - ၃တောင့် (လှော်ထားပါ)
• ကြက်သွန်ဖြူ - ၂မွှာ
• ကြက်သွန်နီ - ၁လုံး

ချက်နည်း

၁။ အရင်ဆုံး ငါးကြင်းကို (ငပိ၊ ဆား၊ ဆနွင်း)တို့ဖြင့် သမအောင် နုယ်ပြီ ၁၀မိနစ်ခန့် နုပ်ထားပေးပါ။

၂။ နုပ်ထားစဉ် ဆုံထောင်းထဲမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို ရောပြီ ထောင်းပေးပါ။
၃။ ပြီနောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ဆီသပ်ပေးပါ။

၎။ ပြီလျှင် ငါးကြင်း၊ ငါးရေမြုပ်အောင် ရေထည့်၊ မရမ်းပြားရည်၊ ဆား(လက်ဖက်ရည်ဇွန်းတ၀က်)၊ ကြက်သားမှုန့် တို့ကို ထည့်ပြီ မီးအသင့်တင့်ဖြင့် ဆီပြန်သည်အထိ တည်ထားပေးပါ။

၎။ ရေလိုလျှင် ရေထပ်ထည့်ပေးပါ။ ငါးကျက်ပြီဆိုမှ အပေါ်မှ နံနံပင်အုပ်ပေးပြီ ထမင်းပူပူဖြင့် သုံးဆောင်နိုင်ပါပြီ...

Wutyee Food House

မှတ်ချက်များ