ယာယီတက်တူးတွေမထိုးကြစေဖို့ FDA (အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေး) သတိပေး
ယာယီတက်တူးတွေ မထိုးကြစေဖို့ FDA (အစားအစာ နဲ့ ဆေးဝါး ကွပ်ကဲရေး) က သတိပေးပြောကြားလိုက် ပါတယ်။
ဆက်လက်ခေတ်စားနေတဲ့ ယာယီတက်တူးတွေဟာ မနာကျင်စေဖို့ နဲ့ သေရာပါ မင်မဆွဲသွားစေဖို့ လွယ်ကူ တဲ့ ရွေးချယ်စရာ တစ်ခုလို့ ထင်ရကောင်းထင်ရနိုင်ပါတယ်။ ဒါပေမဲ့ ယာယီတက်တူးတွေဟာ အန္တရာယ်မ ကင်းကြောင်း ယာယီတက်တူးထိုးကြသူတွေကို FDA က သတိပေးနေပါတယ်။ ယာယီတက် တူးတွေဟာ ဓာတ်မတည့် တုံ့ပြန်မှုတွေ ဖြစ်စေနိုင်တယ်လို့ FDA တာဝန်ရှိသူတွေက အဖွဲ့အစည်းရဲ့ ၀ဘ်ဆိုဒ်မှာလုပ်ခဲ့တဲ့ နှီးနှောဖလှယ်ပွဲမှာ သတိပေးပြောကြားခဲ့ပါတယ်။
“ယာယီတက်တူးထိုးသူတွေအနေနဲ့ ဖြစ်လာတဲ့ ဓာတ်မတည့်တဲ့ လက္ခာပြချက်တွေကို အစိုးရဆီတင်ပြပေးဖို့ FDA က မေတ္တာရပ်ခံထားပါတယ်။” လို့ အလှကုန် နှင့် အရောင် FDA ရုံးက အရေပြားပညာရှင် Katherine Hollinger ကပြောခဲ့ပါတယ်။ တစ်နှစ်ကို ဓာတ်မတည့်တဲ့ လက္ခဏာပြသူ အရေအတွက် ဘယ်လောက်ရှိ တယ်ဆိုတာကိုတော့ FDA က လောလောဆယ် အချက်အလက်တစ်စုံတရာ မထုတ်ပြန်နိုင်သေးပါဘူး။
“ယာယီတက်တူးကြောင့်သော်လည်းကောင်း၊ အလှကုန်ပစ္စည်းတစ်ခုခုကြောင့်သော်လည်းကောင်း ဓာတ်မတည့်တဲ့လက္ခဏာ တစ်စုံတစ်ရာ ပြလာခဲ့ရင် FDA က သင့်ကို သိစေချင်တဲ့ အချက်တွေ ရှိပါတယ်။” လို့ သူမက ပြောပါတယ်။
သီဟနိုင် | Trend Myanmar

မှတ်ချက်များ