မိုဘိုင်းဂိမ်းတွေကို ပြောမယ်ဆိုရင်တော့ ပြောစ ရာတွေအများကြီးရှိမှာပါ။ ပထမဆုံးပြော ရမယ် ဆိုရင်တော့ အရင်က နာမည်ကြီးခဲ့တဲ့ Action Games တွေကို လက်ကိုင်မပါဘဲ touch screen မှာ ကစားရတာက တော်တော် ကသိကအောင့်နိုင်ပါတယ်။ Metal Slug လို ထိန်းချုပ်မှုအသားပေး ဂိမ်းတွေကို လက်ကိုင်မဲ့ ကစားရဖို့ က ပိုခက်ခဲမှာပါ။
၁၉၉၆ ခုနှစ်က ထုတ်ခဲ့တဲ့ Metal Slug ဂိမ်းစီးရီးဟာ မြန်မာနိုင်ငံဂိမ်းကစားသမားတွေကြားမှာလည်း တော်တော်ပေါက်ခဲ့တဲ့ စီးရီးဖြစ်ပါတယ်။ SNK က စတင်ထုတ်လုပ်ခဲ့တဲ့ ဒီ 2D shooters ဂိမ်းဟာ သူ့ ရဲ့ တိကျသေသပ်တဲ့ ရုပ်ထွက်၊ ကောင်းမွန်တဲ့ Animation နဲ့ ဂိမ်းရဲ့ ဟာသအရသာမြောက်မှုက shooters ဂိမ်းအမျိုးအစားတွေကြားထဲမှာ ထိပ်တန်းတစ်နေရာရယူနိုင်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Contra နဲ့ Gunstar Heroes တို့ လောက် လူကြိုက်မများပေမယ့် ကလေးအရွယ်တွေကြားထဲမှာတော့ အောင်မြင်ခဲ့တယ်လို့  ဆိုနိုင်ပါတယ်။
Donald Mordern ဆိုသူ ဗိုလ်ချုပ်ရဲ့ Rebel Army က ကမ္ဘာတစ်ခုလုံးမှာ ရှိတဲ့ မြို့ တွေကို သိမ်းပိုက်လိုက်ရာ က ဇာတ်လမ်းဆင်ထားပြီး မြို့ တွေအကုန်လုံးကို Rebel Army အောက်က လွတ်အောင် တိုက်ပေးရမှာပါ။ အခန်းတိုင်းရဲ့ ပန်းတိုင်ကတော့ ရန်သူအခြေစိုက်စခန်းကို ဖျက်ဆီးပစ်ဖို့ ပါပဲ။ များပြားလှတဲ့ ရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်ပြီး ရန်သူစခန်းထိ အရောက်သွားဖျက်ဆီးရမှာပါ။ အခန်းတွေ တစ်ခုပြီး တစ်ခုဆက်လာ တိုင်း ကစားသူရဲ့ အမှတ်ကလည်း အလိုအလျောက်မြင့်တက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်ကောင်ကို မသေအောင် ကြာရှည်ထိန်းထားနိုင်မယ်ဆိုရင် ဇာတ်ကောင်က အပြာရောင်မှိတ်တုတ် မှိတ်တုတ် ဖြစ်လာ မှာဖြစ်ပြီး special skill တစ်ခု သုံးနိုင်မှာပါ။ လက်ပစ်ဗုံးကို ရန်သူတွေဆီ ပစ်ပေါက်တာ ကနေ ပြီးတော့ အကာအကွယ်တစ်ခုဆောက်တာမျိုးအထိ ဥာဏ်ပါသလို သုံးနိုင်ပါတယ်။
ဒါ့အပြင် ကစားသမားဘက်မှာ အဖွဲ့ တစ်ခုလည်း ပါဝင်ပါသေးတယ်။ ဒီအဖွဲ့ ဝင်တွေ အချိန်ပြည့် အသင့်ဖြစ် တဲ့ အခါကျရင် စေလွှတ်ပြီး သင့်ဘက်က ကူတိုက်ခိုက်ဖို့ စေခိုင်းနိုင်ပါသေးတယ်။ ဒီ အဖွဲ့ ဝင်ဇာတ်ကောင် တစ်ယောက်ချင်းဆီမှာ သူ့ တို့ ရဲ့ ကိုယ်ပိုင်အစွမ်းထက်လက်နက်တစ်ခုစီ ပါရှိပါတယ်။ ဒါပေမယ့် ဒီကောင်တွေက အမြဲတော့မဟုတ်ပါဘူး။ ရန်သူက အင်အားများပြီး သူတို့ ကို ချေမှုန်းလိုက်ရင်တော့ ပျောက်သွားမှာပါ။
မိုဘိုင်းဂိမ်းတွေရဲ့ အထာအတိုင်း အစပိုင်းအခန်းတစ်ချို့ ကို အောင်သွားပြီးရင်တောင် အမှတ်လိုတဲ့အခါကျ ရင်တော့ ပြန်ဆော့ဖို့ လိုပါလိမ့်မယ်။ ရတဲ့ အမှတ်တွေကနေ သင့်ဘက်က စစ်သားတွေကို Level မြှင့်ပေးရမှာပါ။ မိုဘိုင်းဂိမ်းတွေပုံစံအတိုင်း လိုချင်တဲ့အမှတ်ကို တကယ့်ပိုက်ဆံနဲ့ လည်း ၀ယ်ယူနိုင်ပါတယ်။ နောက်ပိုင်း အခန်းတွေမှာ ခက်ခဲလာတယ်ဆိုရင် သင့်ရဲ့ တပ်ကို အဆင့်မြှင့်တင်ဖို့ လိုတဲ့ အမှတ်ရှိဖို့ လိုပါတယ်။
ရုပ်ထွက်ပိုင်းဟာ မိုဘိုင်းဂိမ်းတစ်ခုအနေနဲ့ ကောင်းမွန်တယ်လို့ ပြောနိုင်ပြီး များပြားလှတဲ့ ဇာတ်ကောင်တွေ ပါဝင်တာကို တွေ့ မြင်နိုင်ပါတယ်။ မိုဘိုင်းနဲ့ ဆော့ရတာဆိုတော့ Console ထက်စာရင်တော့ နဲနဲ ခက်ခဲမှာပါ။ အခမဲ့ ရယူနိုင်တဲ့ ဂိမ်းဖြစ်ပြီး မေလ ၁ ရက်နေ့ က မှ ထွက်ရှိခဲ့တာပါ။ အသက် ၁၂ နှစ်အထက် မည်သူမဆို ကစားနိုင်ပြီး Action ဂိမ်းကြိုက်နှစ်သက်တဲ့သူတွေ၊ Metal Slug ပရိတ်သတ်တွေအတွက် မိုဘိုင်းမှာ ဆော့နိုင်မယ့် ဂိမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
Angel | Trend Myanmar

မှတ်ချက်များ