iPad နဲ့ iPhone အသုံးပြုသူများအတွက် iStick

နောက်ဆုံးတော့ USB drive အနေနဲ့ အသုံးပြုနိုင် မယ့် iStick ထွက်ရှိလာပါပြီ။ iPad နဲ့ iPhone အသုံးပြုသူများအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ၀ဘ်ကွန်နက်ရှင်မလိုဘဲ stream လုပ်နိုင်ဖို့အတွက် iStick ကို အသုံးပြုနိုင်မှာပါ။

Apple စက်ပစ္စည်းတွေမှာ လိုအပ်နေတဲ့ အဓိက feature တွေအနက်က တစ်ခုဟာ iPhone နဲ့ iPadရဲ့ နဂိုပါ သိုလှောင်မှုပမာဏကို အလွယ်တကူ ချဲ့ထွင် လို့ မရနိုင်တာပါပဲ။ အခုတော့ ကယ်လီဖိုးနီးယား ပြည်နယ်က ကုမ္ပဏီတစ်ခုဟာ Appleရဲ့ Lightning connector နဲ့ချိတ်ဆက်နိုင်မယ့် USB flash drive တစ်ခုကို ဖန်တီးခဲ့ပါတယ်။

ဒါဟာ Lightning connector မှာထည့်သွင်းအသုံးပြုနိုင်တဲ့ ဦးဆုံး flash drive တော့မဟုတ်ပေမဲ့၊ Appleကနေ အတည်ပြုပေးမဲ့ ပထမဆုံး flash drive ပါ။ ၀ဘ်ကွန်နက်ရှင် မရှိရင်တောင် အလွယ်တကူပဲ ရုပ်ရှင်ကားတွေကို stream လုပ်နိုင်မှာဖြစ်ပြီး ကွန်ပျူတာနဲ့လည်း ဖိုင်တွေကို အလွယ်တကူ ရွှေ့ပြောင်းနိုင်ပါတယ်။ PC ရော၊ Mac နဲ့ပါ တွဲဖက်အသုံးပြုနိုင်မှာပါ။

သိုလှောင်မှုပမာဏ ကို ရွေးချယ်အသုံးပြုဖို့ရာ 8GB ကနေ 128GB အထိရှိပြီး ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၆၅ ကနေ စပါတယ်။


သီဟနိုင် | Trend Myanmar

မှတ်ချက်များ