iPhone အဟောင်းအကွဲ တစ်လုံးကို ဒေါ်လာ ၅၆၈၀၀တန်စေခဲ့တဲ့ Rihanna



Instagram ပေါ်မှာ Rihanna ကို follow လုပ်ထားမယ်ဆိုရင်၊ သူမ selfie ရိုက်တုန်း ဘာဖြစ်သွားတယ်ဆိုတာ သင် သိပါလိမ့်မယ်။ selfie မတော်တဆထိခိုက်မှုတစ်ခုကို RiRi ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီ့အဖြစ်အပျက်ကနေ ပရဟိတအလှူအခြေအနေတစ်ခု ဖြစ်သွားပါတယ်။

Los Angeles Clipper game (ဘတ်စကက်ဘောပွဲ) မှာ Rihannaဟာ Los Angeles ရဲဋ္ဌာန စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ Steve Soboroffနဲ့အတူ selfieဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

Selfie ရိုက်နေတုန်း RiRiရဲ့လက်ကနေ Soboroffရဲ့ဖုန်း ပြုတ်ကျပြီး screenကွဲသွားပါတယ်။ ဒီမတော်တဆမှုအတွက် RiRiဟာ Twitterကနေတောင်းပန်ခဲ့ပါတယ်။ သူမ tweetခဲ့တာကတော့ “Sorry I broke your phone.” လို့ပါပဲ။

Rihannaဟာ LAPD (လော့စ်အန်ဂျလိစ်ရဲဋ္ဌာန) ကို ဒေါ်လာ ၂၅၀၀၀လှူတန်းခဲ့ပြီး သူမရဲ့ လှူဒါန်းမှုနဲ့အတူ ပါဝင်လှူဒါန်းနိုင်ဖို့ သူမလက်ကကျကွဲသွားတဲ့ဖုန်းကို လေလံတင်ရောင်းချခဲ့ပါတယ်။ မေ ၁၅ရက်၊ နံနက် ၁၁နာရီ ၂၆မိနစ်အထိ နောက်ဆုံးရ လေလံဈေးကတော့ ၅၆၈၀၀ပါ။ selfie မတော်တဆမှုကနေ LAPD အတွက်ရော၊ Rihanna ပရိသတ်တွေအတွက်ပါ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ အခြေအနေအဖြစ်ကို ပြောင်းလဲသွားပါတယ်။

Trend Myanmar

မှတ်ချက်များ