iPhone မှ text message များ Android သို့ လွှဲပြောင်း ပေးပို့နိုင်ခြင်း မရှိသောကြောင့် Apple တရားစွဲခံရ

iPhone အသုံးပြုသူဟောင်းတစ်ဦးသည် ၎င်းအနေဖြင့် Andorid စမတ်ဖုန်းပြောင်းလဲ ပြီးနောက် Apple ၏ messaging စနစ်မှ message များကို လွှဲပြောင်းပေးပို့နိုင်ခဲ့ခြင်း မရှိသည့်အတွက် Apple ကို တရားစွဲဆိုခဲ့ကြောင်း သိရသည်။

Apple ၏ iMessage သည် Apple ထုတ်ကုန်များမှ အခြားသုံးစွဲသူများ ပေးပို့သည့် text message များကို ထိန်းသိမ်းထားပြီး Android အသုံးပြု ထားသော မိမိ၏ Samsung ဖုန်းသို့ လွှဲပြောင်းပေးခြင်း မရှိကြောင်း Adrienne Moore က ၎င်း၏ တိုင်ကြားချက်တွင် ဖော်ပြထားသည်။ ထို့အပြင် Apple ထုတ်ကုန် အသုံးပြုနေသူများ အနေဖြင့် အခြား စမတ်ဖုန်းနှင့် tablet များပြောင်းလဲ အသုံးပြုရခြင်းမှာ ၎င်းတို့ ဝန်ဆောင်မှု၏ အကျိုးကျေးဇူး အပြည့်အ ဝမရရှိခြင်းနှင့် ပြစ်ဒဏ်ခတ်ထားခြင်း တို့ကြောင့်ဖြစ်ကြောင်း တိုင်ကြားချက်တွင် ဖော်ပြထားသည်။

Apple သည် စမတ်ဖုန်း ထုတ်လုပ်သူများနှင့် တရားဆိုင်နေရကာ လတ်တလော၌ San Jose မြို့တွင် Samsung ကို မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားသည်။ Apple က Samsung သည် Android ကိုအခြေခံထားသည့် feature များပေါ်တွင် ကြီးမားသော အစိတ်အပိုင်းအတွင်း မှုပိုင်ခွင့် ချိုးဖောက် ခဲ့ကြောင်း ပြောကြားထားသည်။

ယခု text-messaging အမှုတွင် Apple သည် iOS တွင် အသုံးပြုနေသည့် အရာတစ်ခုကို ထုတ်ကုန် တစ်ခုထံ ပြောင်းလဲ အသုံးပြုရာတွင် ဖော်ပြနိုင်ခြင်း မရှိသောကြောင့် သုံးစွဲသူကို စိတ်အနှောင့် အယှက် ဖြစ်စေကြောင်း၊ အဆိုပါ အမှုသည် သဘောတူညီချက်များ ချိုးဖောက်ခြင်းနှင့် မမျှတသည့် ပြိုင်ဆိုင် မှု ဥပဒေများကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။


SMH | Internet Journal

မှတ်ချက်များ