MH370 ကို မှားယွင်းပစ်ချခဲ့ခြင်းဟု စာအုပ်တစ်အုပ်တွင် ခန့်မှန်းရေးသားထား

ပျောက်ဆုံးနေသော MH370 လေယာဉ်နှင့် ပတ်သက်ပြီး ထင်ကြေးဆန်ဆန် ရေးသား ထားသည့် စာအုပ်တစ်အုပ်ကြောင့် သက်ဆိုင်ရာ မိသားစုများ ဒေါသထွက် စိတ်အနှောင့်အယှက်ဖြစ် မည့် အခြေအနေမျိုး ကြုံလာဖွယ် ရှိနေသည်။ မတ်လ (၈)ရက်နေ့က မလေးရှား လေကြောင်း လိုင်းပိုင် MH370 လေယာဉ်သည် ကွာလာလမ် ပူမှ ဘေဂျင်းသို့ ပျံသန်းရင်းထူးဆန်းစွာ ပျောက် ဆုံးသွားပြီး ထိုစဉ်ကတည်းက လေယာဉ်နှင့် ပတ်သက်သည့် မည်သည့် သတင်းအချက်အလက် အစအနမျှ ရှာမတွေ့တော့ချေ။ ယခုထွက်ရှိလာသည့် MH370: The Mystery အမည်ရှိ စာအုပ်တွင် စာရေးသူ နီဂယ်လ်ကော်သွန်းက ယင်းလေယာဉ်သည် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ရပ်တွင် မှားယွင်းပစ်ချခံရခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းရေးသားထားခဲ့သည်။

MH370၏ ဖြစ်ရပ်ကို အခြေခံ လေ့လာပြီး ဖြစ်နိုင်ခြေများကို ခန့်မှန်းရေးသားထားသည့် စာအုပ်အတွင်း ၌ လေယာဉ်ပျံသန်းနေစဉ် အဆိုပါ ဒေသအတွင်း စစ်ရေးလေ့ကျင့်နေသည့် ထိုင်းနှင့် အမေရိကန် တိုက်လေယာဉ်များ၏ ပစ်မှတ်ဖြစ်သွားခြင်းဟု ယူဆနိုင်ကြောင်း ပါရှိသည်။

ထို့အပြင် စာရေးသူက လေယာဉ်တွင် အသုံးပြုထားသည့် Software စနစ်များမှာ ရိုးရှင်း ပြီး ခေတ်နောက်ကျလွန်းကြောင်းလည်း စွပ်စွဲသုံးသပ်ထားသည်။ လတ်တလောတွင် အဆိုပါစာအုပ် ထွက်ရှိလာခြင်းမှာ သဘောထားကွဲလွဲစရာအခြေအနေအမျိုးမျိုး ဖြစ်ပေါ်လာစေသည်။ လေယာဉ်ပျောက် ဆုံးသော အချိန်တွင် အဆိုပါဒေသရှိ ရေပြင်ထက်၌ အမေရိကန်နှင့် ထိုင်းလေတပ်မှ တိုက်လေယာဉ်များ ပူးပေါင်းလေ့ကျင့်မှု ပြုလုပ်နေကြောင်း စာအုပ်တွင် ဖော်ပြပါရှိသည်။

အဆိုပါ စာအုပ်တွင် MH370နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေပေါင်း ရာနှင့်ချီ ဖော်ပြပါရှိသည်။ စာရေးသူက “လေယာဉ်ပေါ် ပါသွားသူတွေဟာ သူတို့ရဲ့ ကံကြမ္မာကို အနာကျင် အထိခိုက်မရှိ ရင်ဆိုင်သွားရသလား၊ ဘာမှမသိလိုက်ဘဲ ဖြစ်ပျက်သွားတာလား။ ဒါမှမဟုတ် ဧရာမ မီးတောင်ကြီးထဲမှာ သေဆုံးသွားတာလား။ အရူးတစ်ယောက်ယောက်ကြောင့် ပျက်ကျသွားတာလား” အစရှိသည့် မေးခွန်းထုတ်မှုများ ပါရှိနေရာ ကျန်ရစ်သူ မိသားစုများအတွက် စိတ်သောကပိုမိုကြီးမားအောင် နှိုးဆွပေးသကဲ့သို့ ဖြစ်နေကြောင်း ဝေ ဖန်ခံနေရသည်။

Planet Myanmar Network

မှတ်ချက်များ