သန်လျင်မြို့နယ်မှ ပြည်သူ့တစ်ဦးရဲ့ ပေးစာ


သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ် စု ရှိ သဲဖြူချောင်းကျေးရွာမှ ငါးနှစ်ခန့်ကျော်ကြာ အကြောင်းမဲ့ ဖြုတ်သိမ်းထားခံရသော အိမ်သုံး ကိုယ်ပိုင်း လျှပ်စစ်မီတာများအား ပြန်လည် တပ်ဆင် စီစဉ်ဆောင်ရွက်ပေးစေလို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ဘုရား ကုန်းကျေးရွာအုပ်စုရှိ သဲဖြူချောင်းကျေး ရွာတွင် ဘိုးဘွားအစဉ်အဆက် နေထိုင်လာကြသူများကို လွန်ခဲ့သော၂၀၀၆ခုနှစ်ကပင် အိမ်သုံး လျှပ်စစ်မီတာများအား တပ်ဆင်အသုံးပြုနိုင်ရန် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်ထရန်စဖော်မာများကို တည်ဆောက်ပြုလုပ်ရာ၌ ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် ရပ်ကွက်နေပြည်သူ များမှ ငွေကြေးများစိုက်ထုတ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြန်မာ့လျှပ်စစ်ရုံးမှ တာဝန်ရှိ သူများ၏ ပံ့ပိုး မှုဖြင့် ကိုယ့်အားကိုယ်ကိုးလျှပ်စစ်ထရန်စဖော်မာကို အောင်မြင်စွာတပ်ဆင်၍ လျှပ်စစ်မီးများ လင်းအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိရပါသည်။

သို့ပါ၍ ၂၉.၉.၂၀၀၉ခုနှစ်က ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စုရှိ သဲဖြူချောင်းကျေးရွာ မြန်မာ့လျှပ်စစ်ရုံး လမ်းတစ်ဖက်ခြမ်းရှိ စည်းကမ်းဖောက်ဖျက်ခြင်း လုံးဝ မရှိသော နေ အိမ်(၁၀)လုံးမှ လျှပ်စစ်မီတာများကို အကြောင်းအရာ တစ်စုံတစ်ခုကိုမှ အသိပေးအကြောင်းကြားခြင်းမရှိဘဲ အကြောင်းမဲ့ အိမ်သုံး လျှပ်စစ်မီတာများကို လာရောက်ဖြုတ်သိမ်းသွားခဲ့ပါသည်။

ထိုသို့ ဖြုတ်သိမ်းခဲ့ရာတွင် အဆိုပါ ရပ်ကွက်နေပြည်သူများမှ ပြောကြားရာတွင် “ကျွန်တော်/ကျွန်မတို့၏ မိသားစုများ အနေဖြင့် ယခုနှစ်ပါဆိုလျှင် ငါးနှစ်ခန့်ကြာသော်လည်း မြို့နယ်လျှပ်စစ်ရုံးသို့ အကြောင်း မဲ့ ဖြုတ်သိမ်းခံရသော အိမ်သုံး လျှပ်စစ်မီတာများအား ပြန်လည် တပ်ဆင် အသုံးပြုခွင့်ပေး ပါရန် တောင်းဆိုသော်လည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၏ ဘိုးဘွားအစဉ်အဆက် နေထိုင်လာ ခဲ့ကြောင်း ထောက်ခံချက်ပါရှိမှ ဆိုသော်လည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိသော်လည်း ရန်ကုန်တိုင်း လျှပ်စစ်ရုံးသို့ တစ်ဖန် အခါခါ ညွှန်ကြား ပါတယ်။

ရန်ကုန်တိုင်းလျှပ်စစ်ရုံးကလည်း အကြိမ်ကြိမ်ပြန်လည် ညွှန်ကြားခဲ့ရာတွင် အကြောင်းမဲ့ ဖြုတ်သိမ်းထား ခံခဲ့ရသော နေအိမ်(၁၀)လုံးမှ လျှပ်စစ်မီတာများအား ပြန်လည်တပ်ဆင် အသုံးပြုခွင့် ချမှတ်လိုက်သော် လည်း မြို့နယ် လျှပ်စစ်ရုံးမှ ယနေ့တိုင်တိုင် ပြန်လည် တပ်ဆင်ပေးခြင်း လုံးဝမရှိခဲ့ပါ။ မြို့နယ်လျှပ်စစ်ရုံးသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ရာ ခြေထောက်ပါ တိုလာပါပြီ ဒီနေ့တပ်ဆင်ပေးမည် မနက်ဖြန်တပ်ဆင်ပေး မည်”ဟု သာပြောကြားသော်လည်း ယနေ့ထက်တိုင် ပြန်လည်ရရှိခဲ့ခြင်း မရှိဘဲ ကလေးသူငယ်များ ၏ ကျောင်းဖွင့်ရာသီသို့ ပြန်လည် ရောက်ရှိလာ ခြင်းဖြစ်သောကြောင့် ကျောင်းသူ/ကျောင်းသားများ၏ ပညာရေးအတွက်သော်၎င်း၊ညရေး ညတာလုံခြုံရေးအတွက် သော်၎င်း၊သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအတွက်သော်၎င်း လျှပ်စစ်မီမှာ အလွန်အရေးကြီး လိုအပ်လျက်ရှိပါ သည်”ဟု အသနားခံ တင်ပြထားရှိကြောင်း သိရသည်။

သို့ပါ၍ စည်းကမ်းတစ်စုံရာ ဖောက်ဖျက်ခြင်း လုံးဝမရှိသော နေအိမ်(၁၀)လုံးများမှ ငါးနှစ်ခန့်ကျော်ကြာ ဖြုတ် သိမ်း ထားခံရသော အိမ်သုံးလျှပ်စစ်မီတာများကို အမြန်ဆုံး ပြန်လည် တပ်ဆင် အသုံးပြုခွင့်ပြုပါရန် မြန် မာ့လျှပ်စစ်ဓာတ်အားပေး တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးလိုပါ အသနားခံ တင်ပြအပ်ပါကြောင်း သိရှိရပါသည်။

မြင့်မြတ်အောင်မြင်
ဖုန်း.၄၂၁၀၂၂၅၇၈


မှတ်ချက်များ