မြန်မာနိုင်ငံရဲ့ ရုပ်ရှင်နယ်ပယ်အပါအဝင် အခြား ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတဲ့ ဒေါ်ဆွေဇင်ထိုက်ဟာ ၁၉၉၅ကစပြီး Intellectual Properties ဆိုင်ရာ ညီလာခံတွေ တက်ရောက်ခဲ့သလို မြန်မာပြည်မှာ ဉာဏဆိုင်ရာ တီထွင်ဖန်တီးမှုအတွက် နှစ်ပေါင်းများစွာ ကြိုးစားနေသူလို့ စာရေးဆရာ၊ ဒါရိုက်တာ အောင်စိုးဦးက ဆိုပါတယ်။
လက်ရှိ ခေတ်နောက်ကျနေတဲ့ မြန်မာ့ရုပ်ရှင်လောကဟာ ခေတ်အဆက်ဆက် ပညာရှင်တွေဆီက လက်ဆင့်ကမ်းခဲ့ရတာဖြစ်ပြီး အခြားလောကနဲ့ယှဉ်နိုင်အောင် ဒေါ်ဆွေဇင်ထိုက်က အကြံဉာဏ်ပေးနိုင်သူဖြစ် တာကြောင့် ဒီလိုရွေးချယ်ခံရတာကို တန်ဖိုးဖြတ်မရအောင် ဝမ်းသာတယ်လို့ အကယ်ဒမီ ဇင်ဝိုင်းက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ Person of the Year ဆုရှင် ၁ဝယောက်ရှိနေပြီး ၁ဝယောက်မြောက်ဆုရှင် ဦးကျော်ဇောနိုင်က ကွယ်လွန်ခဲ့ပြီလို့ ၉ယောက်မြောက် ဆုရှင် ဒေါ်ဆွေဇင်ထိုက်က ဆိုပါတယ်။ တီထွင်ဖန်တီးမှုတွေရှိမှ လှပမဲ့လူ့အဖွဲ့အစည်းအတွက် ဒီလို အသိအမှတ်ပြုမှုတွေ ရှိနေတာဖြစ်ပြီး စာရေးဆရာ မောင်ဆုရှင်၊ စာရေးဆရာမ ဂျူး၊ သံအမတ်ကြီး ဦးမြသန်းတို့လည်း ကဏ္ဍအလိုက် ရွေးချယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

မှတ်ချက်များ