မေ၂၄ရက်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တွင် ကျောင်းသားကျောင်းသူများ၊ ဒေသခံ များနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ တွေ့ဆုံစဉ်Sky Net(ရွှေသံလွင် မီဒီယာ)ကအကျိုးအမြတ်များစွာယူထား ပြီး နိုင်ငံတော် က အကျိုးအမြတ်နည်းပါးစွာ ရရှိမှုကိစ္စအပေါ် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ကျောင်း သားတစ်ဦးက မေးမြန်း ရာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေ မန်းက ပြန်လည်ရှင်းလင်းဆောင် ရွက်ရမည့် ကိစ္စဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
မေ၂၄ရက်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ကျောင်းသားကျောင်းသူများ၊ ဒေသခံများနှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းက ကျောင်းသားကျောင်းသူများ၊ ဒေသခံများ ကို လွှတ်တော်အကြောင်းများ ရှင်းလင်းပြောပြပြီး သိရှိလိုသည်များကို မေးမြန်းခွင့်ပေးခဲ့ကြောင်း၊ ကျောင်း သားတစ်ဦးက SkyNet နှင့် ပြန်ကြားရေးတို့ ချုပ်ဆိုထားသောစာချုပ်အရ နိုင်ငံတော်ကရမည့် အကျိုးအမြတ် နည်းပါးပုံကို ထောက်ပြပြီး မည်သို့ဆောင်ရွက်မည်ကို သိလိုသည်ဟု မေးမြန်းခဲ့ပြီး သူရဦးရွှေမန်း က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုနိုင်ဝင်းလွင်က“Eleven က သတင်းဖတ်ရတာ အိပ်လို့တောင်မရပါဘူး။ Sky Net နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ ချုပ်ဆိုထားတဲ့ ရုပ်သံထုတ်လွှင့်ခွင့်စာချုပ်ပါ။ စာချုပ်အရ နိုင်ငံတော်အတွက် အကျိုးအမြတ်ရလဒ်က နည်းပါးလွန်းပါတယ်။ သမ္မတသက်တမ်း ခြောက်ဆက်လောက်မှ ပုံမှန်ချုပ်နေကျ နိုင်ငံတော်အတွက် ၂၅ရာခိုင်နှုန်းဆိုတာ ရောက် ရှိမှာပါ။ ပထမသုံးနှစ်မှာ အခွန်ကင်းလွတ်ခွင့် ရထားပါတယ်။
ဒါမျိုးတွေကြောင့် ပြည်သူ့ဝန်ထမ်းတွေ အခွန်အခကို ထမ်းဆောင်နေကြပါတယ်။ ဒီက ဝန်ထမ်းတွေဆိုတာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အောက်ခြေ လူတန်းစားအဆင့်ပဲ ရှိပါတယ်။ အဲလိုပဲ လက်လုပ်စားပြည်သူတွေ၊ ကျွန်တော်တို့နိုင်ငံမှာ အလယ်အလတ်လူတန်းစား မရှိပါဘူး။ အဲဒီလူတွေကလည်း သက်ဆိုင်ရာအခွန်အခ ကို တိုင်းပြည်အတွက် ပေးနေကြပါတယ်။ အဲဒါကြောင့် ဒါမျိုးကိစ္စတွေက ဘယ်လောက်အထိများနေပြီလည်း ဆို တာ မေးထားပါတယ်။ ဒီကိစ္စကို လွှတ်တော်ဥက္ကဌကြီးအပြင် လွှတ်တော်ကိုယ်စားလှယ်တွေအနေ နဲ့ ပြည်သူတွေအကြားမှာ စိတ်ရှင်းသွားအောင် ဘယ်လိုများ ဆောင်ရွက်ပေးနိုင်မလဲ” ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းအား မေးမြန်းခဲ့သည်။
ယင်းအပြင် Forever နှင့် ချုပ်ဆိုစဉ်ကမူ ၂၅ ရာခိုင်နှုန်းကို ချက်ချင်းပေးရပြီး ရွှေသံလွင်မီဒီယာ၏ Sky Net ရုပ်သံလိုင်းဖြင့် ချုပ်ဆိုရာတွင်မူ မည်သည့်အတွက်ကြောင့် သမ္မတ ခြောက်ဆက်မြောက်ရောက်မှ ၂၅ ရာခိုင်နှုန်းကို နိုင်ငံတော်မှရရှိမည့် စည်းကမ်းချက်ကိုလည်း ရှင်းလင်းပေးရန်၎င်းကဆက်လက် မေးမြန်းခဲ့ သည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “အခုမှပဲ မိမိတို့ သိရပါတယ်။ မေးမြန်းတာလည်း သဘာဝကျပါတယ်။ နားလည်လိုက်တာကတော့ Forever မီဒီယာဂရု(ပ်)က ၂၅ ရာခိုင်နှုန်းပေးနေပြီးတော့ Sky Net ကတော့ သမ္မတခြောက်ဆက် နှစ်သုံးဆယ်ကြာမှ ၂၅ ရာခိုင်နှုန်းရမယ်ဆိုတဲ့ ကိစ္စကလည်း စိတ်ဝင်စားစရာကိစ္စပါပဲ။ အခုလို ပွင့်လင်းမြင်သာတဲ့ခေတ်မှာ အခြေအနေတစ်ခုအပေါ် ဖြစ်ပေါ်လာတဲ့ အလျောက် ဒါကလည်း တဖြည်းဖြည်း ပြန်လည်ရှင်းလင်းဆောင်ရွက်ရမယ်လို့ ဖြေပါရစေ။ ဒီထက်လည်း ကျွန်တော်မဖြေနိုင်ပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ရွှေသံလွင်မီဒီယာ (Sky Net) နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ချုပ်ဆိုထားသော စာချုပ်ပါ အကျိုးအမြတ်ခွဲဝေ မှုအရ စတင်နှစ်မှ သုံးနှစ်ဆက်တိုက်အထိ Sky Net သို့ အခွန်ကင်းလွတ်ခွင့် ပေးထား သည်။
သုံးနှစ် အခွန်ကင်းလွတ်ခွင့်ရပြီးနောက် နိုင်ငံတော်သို့ အခွန်အခ စတင်ပေးသွင်းရမည်ဖြစ်ပြီး အခွန်အခ စတင်ပေးသွင်းရသည့် နှစ်မှ ငါးနှစ်အထိ နိုင်ငံတော်က အကျိုးအမြတ်လေးရာခိုင်နှုန်းသာရပြီး Sky Net က ၉၆ ရာခိုင်နှုန်း အကျိုးအမြတ်ရမည်ဟု ချုပ်ဆိုထားခြင်း ဖြစ်သည်။
နိုင်ငံတော်သို့ လေးရာခိုင်နှုန်းသာ အကျိုးအမြတ်ပေးမည့် ငါးနှစ် ကုန်လွန်ပြီးနောက် နောက်ထပ် ဒုတိယငါးနှစ် ဆက်တိုက်တွင်လည်း နိုင်ငံတော်သို့ ရှစ်ရာခိုင်နှုန်းသာ အကျိုးအမြတ်ပေးသွင်းပြီး Sky Net က ၉၂ ရာခိုင်နှုန်း ရယူရန် သတ်မှတ်ထားပြန်သည်။
နိုင်ငံတော်သို့ လေးရာခိုင်နှုန်း ငါးနှစ်နှင့် ရှစ်ရာခိုင်နှုန်း ငါးနှစ် စုစုပေါင်း ၁ဝ နှစ်ကျော်လွန်ပြီးနောက် တတိယငါးနှစ်၌လည်း နိုင်ငံတော်မှ ၁၂ ရာခိုင်နှုန်းသာ ရမည်ဖြစ်ပြီး Sky Net က ၈၈ ရာခိုင်နှုန်းအထိ ရရှိနေဦးမည် ဖြစ်သည်။
ယင်းနောက် စတုတ္ထငါးနှစ်တွင် နိုင်ငံတော်က ၁၆ ရာခိုင်နှုန်းသာရပြီး Sky Net က ၈၄ ရာခိုင်နှုန်း ရယူမည်ဖြစ်ကြောင်း၊ စတုတ္ထငါးနှစ်အပြီး ပဉ္စမငါးနှစ်တွင်လည်း နိုင်ငံတော် မှ ၂ဝရာခိုင်နှုန်းနှင့် Sky Net က ၈ဝ ရာခိုင်နှုန်း ခွဲဝေမည်သာဖြစ်ကြောင်း၊ ပဉ္စမငါးနှစ်အပြီး ဆဌမမြောက် ငါးနှစ်တွင်လည်း နိုင်ငံတော် က ၂၅ ရာခိုင်နှုန်းနှင့် Sky Net က ၇၅ ရာခိုင်နှုန်းဖြင့်သာ ပေးသွင်းရမည် ဖြစ်သည်။
အကျိုးအမြတ် အနှစ်ချုပ်လျှင် ငါးနှစ် တစ်ကြိမ် သမ္မတသက်တမ်း ခြောက်ဆက်မြောက်ရောက်ရှိမှ သာ နိုင်ငံတော်က ၂၅ ရာခိုင်နှုန်းသာ ရရှိမည်ဖြစ်ပြီး စာချုပ်သက်တမ်း နောက်ဆုံးနှစ်ရောက်သည်အထိ Sky Net က ၇၅ ရာခိုင်နှုန်းအထိ ရယူသွားမည့် သဘောတူညီချက်များဖြင့် ချုပ်ဆိုထားခြင်း ဖြစ်သည်။
လက်ရှိ ရုပ်သံမီဒီယာများ၏ ဝင်ငွေမှာ လစဉ်ကြေး၊ စက်ဖိုးမပါ ကြော်ငြာခ တစ်မျိုးတည်းမှပင် တစ်ရက်လျှင် ကျပ်သိန်း ၃ဝဝ မှ ၆ဝဝ ဝန်းကျင်အထိ ရရှိနေကြခြင်းဖြစ်ပြီး ကြော်ငြာခမှာ တစ်မိနစ်လျှင် အနည်းဆုံး ကျပ်ငါးသိန်းမှ ၁၁ သိန်းအထိ ရရှိနေကြသည်။
သို့သော် ရွှေသံလွင်ကုမ္ပဏီသည် ယခင်နှစ်က ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း ၅ဝဝ ဦးစာရင်း၌ပင် ပါဝင်လာခြင်းမရှိကြောင်း သိရသည်။
မာန်သူရှိန်၊ စိုးမင်းထိုက် | News Eleven
ပင်မ
/
ကျောင်းသားတစ်ဦးမေးမြန်းသည့်Sky Netျနှင့်ပြန်ကြားရေးကိစ္စအားပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းဖြေကြား

မှတ်ချက်များ