Star Wars ဇာတ်လမ်းတွဲထဲက Hoverbike တွေကို ၂၀၁၇ ခုနှစ်မှာ ထုတ်ဖို့ မျှော်မှန်းထား

ကယ်လီဖိုးနီးယား လေကြောင်းပိုင်းဆိုင်ရာ ထုတ် လုပ်ရေးကုမ္ပဏီ Aerofex ဟာ နာမည်ကြီး ဇာတ် လမ်းတွဲ Star Wars ထဲက Hoverbike တွေကို စမ်း သပ်ထုတ်လုပ်ခဲ့ပါတယ်။ ဒီယာဉ်တွေကို မောင်း နှင်တတ်ဖို့ အတွက် နှစ်ရက်လောက် သင်ကြားပေး ရုံနဲ့ တတ်မြောက်နိုင်တယ်လို့ Aerofex က ဆိုခဲ့ပါ တယ်။

Star Wars:Return of the Jedi ဇာတ်ကားကို ကြည့်ပြီး Hoverbike တစ်စီးလောက် လိုချင်စိတ် ပေါ်ခဲ့ဖူးပါသလား။

ဒီ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲထဲက လေပေါ်ပြေးယာဉ် Hoverbike တွေကို မကြာတော့တဲ့ ကာလမှာ ရရှိနိုင်ပါတော့မယ်။ ဘီးတွေအစား ကာဗွန်ဖိုင်ဘာအသုံးပြုထားတဲ့ ဒလက်ဝိုင်း တွေ နဲ့ ပြုလုပ်ထားပြီး မော်တော်ဆိုင်ကယ်မောင်းသလောက် လွယ်ကူမယ်လို့ ဆိုပါတယ်။ တစ်နာရီ မိုင် ၄၂ မိုင်အထိ မောင်းနှင်နိုင်ပြီး လောလောဆည်တော့ စမ်းသပ်အနေအထားမှာပဲ ရှိပါသေးတယ်။

၂၀၁၂ ခုနှစ်တုန်းက Aerofex ကော်ပိုရေးရှင်းက အခုလို hoverbike တစ်စီးကို Mojave ကန္တာရထဲက ခန်းခြောက်နေတဲ့ ရေကန်တစ်ကန်အပေါ်မှာ ပျံသန်းပြထားတဲ့ ဗီဒီယိုတစ်ခု လွှင့်တင်ခဲ့ပါသေးတယ်။ မြေပြင်အထက် ကိုးပေအမြင့်ထိ ပျံသန်းနိုင်ပြီး မော်တော်ဆိုင်ကယ်မောင်းသလိုပဲ ထိန်းချုပ်ရတာပါ။

Aero-X လို့ အမည်ပေးထားတဲ့ ဒီယာဉ်ဟာ တစ်ကြိမ်မှာ ခရီးသည်နှစ်ယောက်ပဲ သယ်ဆောင်နိုင်ပေမယ့် တစ်ကိုယ်ရေသုံးသယ်ယူပို့ ဆောင်ရေးယာဉ်အဖြစ် အနာဂတ်မှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြလိမ့် မယ်လို့ ခန့် မှန်းထားပါတယ်။ ဒီယာဉ်တွေဟာ ဆီတိုင်ကီအပြည့်ဖြည့်ထားရင် ၇၅ မိနစ်လောက်ထိ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

Aerofex တည်ထောင်သူ Mark De Roche က “ Aero-X ဟာ စရိတ်သက်သာတဲ့ အော်ပရေးရှင်းတစ်ခုပါ။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေလည်း ပေးစွမ်းနိုင်တယ်။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း အသုံးပြုနိုင်တယ်။ နယ်စပ်တစ်လျှောက် ကင်းလှည့်အုန်းမလား။ ဒါမှမဟုတ် အပန်းဖြေပန်းခြံတွေမှာ ဆော့စရာ အဖြစ်ပါ အသုံးပြုနိုင်ပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။


Angel | Trend Myanmar

မှတ်ချက်များ