ဒီဓါတ်ပုံတွေ ကို ခုFB ကလူတော်တော်များ များ မြင်ပြီးလောက်ပါပြီ။ W Magazing FB page မှာပထမဆုံး တက်လာတဲ့ ပုံကတော့ နာဂ တိုင်းရင်းသားနှစ်ယောက်နဲ့ ဝတ်စုံပုံစံမျိုးရိုက်ထား တာတွေ့ တော့ အော် သူတို့ မြန်မာပြည်ရောက်တုံး အမှတ်တရရိုက်လာတယ်ထင်တာ၊ပြီးတော့ မြန် မာနိုင်ငံရဲ့အလှအပ တွေ ကမ္ဘာကသိပါစေ ဆိုပြီး ဓါတ်ပုံ လေးတောင် share လိုက်သေးတယ် …
နောက် အဲဒီလင့် ကို သွားကြည့်လိုက်တော့မှ ဆရာသမား Tim Walker က Religious Theme တခုလုံးကို ရွှေဥာဏ်တော် အစူးရှ လွန်၊ inspired တလွဲ ၀င်ပြီး သုံးထားတာတွေ့ ရပါတယ် …
ဒါဟာလုံးဝမလုပ်သင့်ပါဘူး … နာမည်ကြီးဓါတ်ပုံဆရာ၊ stylist တွေ အနေနဲ့ သေချာအ ရင်ဆုံးလေ့ လာသင့်ပါတယ် …
လုပ်သင့်လား၊မလုပ်သင့်ဘူးလားဆိုတာ သေချာမသိရင် မေးမြန်းသင့်ပါတယ် … ဒီဓါတ်ပုံဆရာ က British ၊ သူ့ ဓါတ်ပုံတွေကို သုံးလိုက်တာက American က နာမည်ကြီး Fashion Magazine ပါ။ သူကိုယ်တိုင် အနောက် နိုင်ငံသားပီပီ ဘာသာရေး တွေ၊ အယုံကြည်လွန်ကဲမှုတွေ၊ ကိုသိပ်အယုံအကြည်မရှိဘူး ဆိုတာ လက်ခံလို့ ရပေမယ့် သူများယုံကြည် ကိုးကွယ်တာကိုတော့ မလေးမစား လုံးဝမလုပ်သင့်ပါဘူး …
သူ မြန်မာပြည်လာတုံးက အတွေ့ အကြုံတွေကို ပြောထားတာမှာ ”တချို့  ကိစ္စ တွေကငါတို့ အတွက် ရှေး ကျ တယ်လို့ ထင်ရပေမယ့် ” ဆိုပြီးသုံးထားတာ ဆိုတော့ သူကိုယ်တိုင်က မြန်မာ့ယဉ်ကျေးမှု အယူအ ဆတွေကို ရှေးကျတယ်ဆိုပြီး ဥာဏ်းစင် ပေါ်တက်ပြီးတော့ကို ရိုက်ပလိုက်တော့တာပါပဲ … ဒါပေမယ့် ဒါသူများ ယာဉ် ကျေးမှု၊အယူအဆတွေလေနော် အရမ်းလာပြီး ဆန်းသစ်ချင်လို့ ဘယ်ရမလဲ …
သူ့ အနေနဲ့  တော့ ဘယ်လိုမှ မခံစားရပေမယ့် မြန်မာတွေ အနေနဲ့ တော့ စကပ်ကြီး တကားကားနဲ့  ဥာဏ်းစင်ပေါ်တက်တာ၊ ဘုရားမှာလှူ တဲ့  ထီးဖြူကို ကိုင်၊စကပ် မှာ ထိုးပြီး ဒီဇိုင်းဆင်၊ ဘုန်းကြီး သင်္ကံန်း နဲ့  ဘုရားမျက်နှာတော် ကိုဖက်ရှင်လုပ်ထား တာတော့ ရိုင်းဆိုင်းလွန်းရာကျပါတယ် … ဘယ်လို မှ မြင်လို့ မ အပ်စပ် လှပါဘူး …
နောက်တခုက မြန်မာကို လာတုန်းက သူတို့ အဲလိုတွေ ဓါတ်ပုံလာရိုက်သွားတာ လူမြင် ကွင်းတွေ မှာပါ … တွေ့ တဲ့ မြင်တဲ့ လူတွေ တားသင့်ပါတယ် … သူတို့ ဘာသာစကား မပြောတတ်ဘူးဆိုရင်လဲ အကူအညီတောင်းပြီးတားသင့်ပါတယ် … ဘုရားပေါ်ကစောင့်ကြပ်တဲ့ တာဝန်ရှိတဲ့ အဖွဲ့ တွေလဲ မြန် မာမိန်းခလေးတွေ အတို၊အပြတ်ဝတ်တာ တားမြစ်သလို ဒါမျိုးကိုပါစောင့်ကြပ်တားသင့်ပါတယ် … နိုင်ငံခြားသားဘဲလေ ဆိုပြီး လွှတ်မထားသင့်ပါဘူး … ကိုယ့်နိုင်ငံပဲ … ကိုယ်ခွင့်မပြုရင်သူတို့  လုပ်လို့ မရပါဘူး …ဒါမျိုးက နိုင်ငံသူ၊နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ် …
နောက်ဆုံးတခုပြောချင်တာက “ဖက်ရှင်ဘဲ ကြိုက်တာလုပ်မယ် ဆိုပြီး လုပ်လို့ မရပါဘူး” … သူ့ မှာ လည်း ကျင်ဝတ်လေးတွေတော့ရှိပါတယ် … သိပ်မကြာခင်က လုပ်သွားတဲ့  Victoria Secret Fashion Show မှာ အမေရိကန်နိုင်ငံက Native American တွေရဲ့ ရိုးရာ ၀တ်စုံမှာသုံးတဲ့  Headdress (ခေါင်းဆောင်း)ကို သုံးသွားခဲ့ လို့  Fashion လောကမှာ ဟိုးလေးတကျော်တောင် ဖြစ်သွားလေရဲ့ … ဒါနဲ့  VS က တရားဝင် တောင်ပန်စာတွေ ပို့  … Media မှာ တရားဝင် ကို တောင်းပန်ခဲ့ရပါတယ် …
ဒါ ခေါင်းဆောင်းလေး တခုဘဲ ဆိုပေမယ့် သူ့ ရဲ့ ရာဇ၀င်နဲ့  မျိုးနွယ်စုသမိုင်း ကို လေးစား
မှုရှိရပါတယ် … သူတို့ တောင်သူတို့  နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်ကို တန်ဖိုးထား တတ်ရင် သူများculture နဲ့  religion ကိုလဲ လေးစားတတ်မယ်လို့  ထင်ပါတယ် … မြန်မာ့ ဘာသာရေး၊ယဉ်ကျေးမှုနဲ့  သူတို့ နဲ့  အနေဝေးတာကြောင့် မသိလို့ လုပ်မိတဲ့  အမှား တခုလို့ ယူဆပြီး FB က မိတ်ဆွေများ သူတို့ ကို သိအောင်ပြောပြကျတဲ့  အခါမှာ ကိုယ့်ဘက်က စပြီး မရိုင်းဖို့ ပဲ တောင်းဆိုချင်ပါတယ် … မြန်မာပါ … ကိုယ်ကစ ဘယ်တော့မှ မရိုင်းပါ … ဟုတ်တယ်မလား ။
Utsukushii Sorano



မှတ်ချက်များ