ခရစ်ယာန်အမျိုးသားနှင့် လက်ထပ်ခဲ့သော ဆူဒန်မိခင်ကို မကြာမီပြန်လွှတ်ပေးမည်
အစ္စလာမ်ဘာသာမှနုတ်ထွက်ကာ ခရစ်ယာန်ဘာသာအမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့၍ အကျဉ်းကျခဲ့သော ဆူဒန်နိုင်ငံမှ မစ္စစ်မာရီယမ် ယာယာအီဘရာဟင်အီရှက်အား ရက်အနည်းအငယ်အတွင်း ပြန် လွှတ်ပေးတော့ မည်ဖြစ်ကြောင်း တောင်ဆူဒန် အာဏာပိုင်များက ပြောကြားလိုက်သည်။
မစ္စစ်မာရီယမ်သည် ဗုဒ္ဓဟူးနေ့ကပင် အကျဉ်းထောင်ထဲတွင် မီးဖွားခဲ့ပြီး ၎င်းအား ပြန်လွှတ်ပေးရေးကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဆူဒန်အစိုးရအား တိုက်တွန်းခဲ့သည်။
BBC

မှတ်ချက်များ