Miss Asia Pacific World အလှမယ်အရွေးခံရသည့် မေမြတ်နိုး





တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပနေသည့် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် မြန်မာ အလှမယ် မေမြတ်နိုးသည် ပြိုင်ပွဲ၏ပထမဆုဖြစ်သည့်Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူး သွားခဲ့သည်။ ပြိုင်ပွဲ၏အစောပိုင်းတွင်လူကြိုက်အများဆုံးဆုကိုလည်းဆွတ်ခူးထားခဲ့သည့် အသက်၁၈နှစ်အရွယ် မေမြတ်နိုးသည်နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်အိမ်ရှင်ကိုရီးယားအလှမယ်ကိုအနိုင်ယူကာဆုတံဆိပ် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာမှအလှမယ်၄၀နီးပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ယင်းပြိုင်ပွဲတွင်ဆန်ကာတင်အလှမယ်ခုနှစ် ဦးကိုဦးစွာရွေးချယ်ခဲ့ပြီးနောက်နောက်ဆုံးအဆင့်ကိုယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့သူခုနှစ်ဦးတွင်မေမြတ်နိုးကပထမ၊တောင်ကိုရီးယားမှ Kim Eea ကဒုတိယ၊မကာအိုမှ Hio Man Cha ကတတိယနှင့်ဖိလစ်ပိုင်မှ Hillarie Danielle Parungao စတုတ္ထဆုများအသီးသီးရခဲ့သည်။

မယ် မေမြတ်နိုးရဲ့ Talent Show ပြိုင်ပွဲမြင်ကွင်း 



7daydaily

မှတ်ချက်များ