ဂိမ်းကစားပျက်သောကြောင့် အဘွားကို မြေးက ရိုက်သတ်
DOTA 2 ဂိမ်းကစားနေစဉ် အဘွားဖြစ်သူမှ ဆူပူသောကြောင့် ဂိမ်းကစား ပျက်သွားသည့်အတွက် ဆယ်ကျော်သက်တစ်ဦးက ထိုအဘွားအား သေသည့်အထိ ရိုက်နှက်မှုတစ်ခု စင်္ကာပူနိုင်ငံ၌ ဖြစ်ပွားခဲ့သည်။
ရဲအရာရှိ Jaime De Jesus ရဲ့အဆိုအရ ၁၇ နှစ်အရွယ်တရားခံသည် ဆေးများ သုံးစွဲထားပြီးဘာဖြစ်ခဲ့သည် ကို မမှတ်မိဟုဆိုသည်။
သက်သေများ၏ ပြောပြချက်အရ တရားခံသည် သူငယ်ချင်းများနှင့် အင်တာနက်ကဖေးတစ်ခုတွင် DOTA 2 ဆော့နေစဉ် အဘွားဖြစ်သူမှာ ဆူပူကြိမ်းမောင်းကာ လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်သည်။
အိမ်သို့ပြန်ရောက်သောအခါ ၇၂ နှစ်အရွယ်အဘွားဖြစ်သူအား တရားခံက စတင်တိုက်ခိုက်ခဲ့ပြီး လည်ပင်း၊ ရင်ဘတ်နှင့် ဦးခေါင်းများတွင် ဒဏ်ရာများရကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
အိမ်နီးနားချင်းများ၏ အကြောင်းကြားမှုကြောင့် ရဲများ ရောက်လာခဲ့သော်လည်း တရားခံသည် အဘွားဖြစ် သူအား သတ်ပြီးရုံမက အစအနပင် ဖျောက်ခဲ့ပြီးဖြစ်သည် ဟုဆိုသည်။
သို့သော်လည်း ရဲများသည် အလောင်းနှင့် သဲလွန်စများကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်ပျက်ခဲ့သည်ကို ဘာမှမမှတ် မိဟု တရားခံက ပြောကြားခဲ့သည်။
လက်ရှိတွင် တရားခံကို လူမှုစောင့်ရှောက်ရေးဌာနတွင် ထိန်းသိမ်းထားပြီး ၁၈ နှစ်ပြည့်သည်နှင့် ရဲများ က ထောင်ထဲသို့ ပို့မည်ဖြစ်သည်။
world myanmar

မှတ်ချက်များ