သမ္မတဖြစ်ရေး ပြည်သူ့ဆန္ဒအပေါ် မူတည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

၂၀၁၅ မှာ သမ္မတ ဖြစ်လာဖို့ဆိုတာ မြန်မာပြည် သူတွေရဲ့ ဆန္ဒပေါ်မူတည်ပါတယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့သက်ဆိုင် တဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့၊ သမ္မတအဖြစ် သူတို့ရွေး ချယ်ချင်တဲ့ သူတွေနဲ့ဆိုင်တဲ့ ပြည်သူ့ဆန္ဒပေါ် မူတည်နေတာပါလို့ နီပေါနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက် ရှိနေ တဲ့ မြန်မာအတိုက်အ ခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က သူ့ရဲ့ ခရီးစဉ် အဆုံးသတ်တဲ့ ဇွန် ၁၆ ရက်န့မှာ ပြောဆိုလိုက် တာပါ။

သူဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ ဘယ်အစိတ်အပိုင်းကို မဆို ပြောင်းလဲဖို့ကို ဥပဒေပြုလွှတ်တော် မှ ရွေးကောက်ခံ အမတ် အများစုအတွက် အဖြစ်နိုင်ဆုံး နည်းလမ်းတွေ ရှာဖွေနေတယ် လို့ ဒေါ်အောင် ဆန်းစုကြည် က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လွှတ်တော် ကော်မတီတရပ်ကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတဖြစ် ခွင့်ရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မှာကို ကန့်ကွက်မဲ ဆန္ဒပြုခဲ့ကြပါတယ်။

အဲဒီဥပဒေဆိုင်ရာ အပိုဒ်ငယ်ကတော့ သမ္မတ သို့မဟုတ် ဒုသမ္မတ ဖြစ်မယ့်သူရဲ့ ဇနီးနဲ့ ခင်ပွန်း သို့မဟုတ် သားသမီးဟာ နိုင်ငံခြားတိုင်းပြည်တွေကို သစ္စာခံသူ မဟုတ်ရဘူး လို့ တားဆီးထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံ ခရီးစဉ်အတွင်း ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ နီပေါနိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ ဗုဒ္ဓ ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်ကိုလည်း သွားရောက် ဖူးမျှော်ခဲ့ပါတယ်။

DVB



မှတ်ချက်များ