ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်၌ ဆော်ဒီလူမျိုးတစ်ဦးမှ နှစ်သုံးရာသက်တမ်းရှိ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး


ဇွန် ၁၁၊ ဗုဒ္ဓဟူးနေ့က ဆော်ဒီလူမျိုးတစ်ယောက်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်၊ ဆန်စို-ဂျီဗုဒ္ဓဘာသာဘု ရားကျောင်းရှိ နှစ်ပေါင်း ၃၀၀သက်တမ်းရှိသောရှေးဟောင်းဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးသွားခဲ့သည်။

ဆန်စို-ဂျီ ဘုရားကျောင်းသည် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခုဖြစ်ပြီး တိုကျို၊ တိုင်တို၊ အဆာကူဆာ၌ တည်ရှိသည်။ ၎င်းဘုရားကျောင်းသည် တိုကျိုမြို့တော်၌ တည်ရှိသော ဘုရားကျောင်းများအနက် ရှေးအကျ ဆုံးဖြစ်ပြီး တိုကျိုမြို့၏ အထင်ကရ နေရာတစ်ခုလည်း ဖြစ်သည်။

အဆိုပါ ဆော်ဒီနိုင်ငံသားအား တိုကျိုရဲဌာနမှ ဖမ်းဆီးထားပြီး ၎င်းလုပ်ရပ်၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို စစ်ဆေးလျက်ရှိသည်။

မျိုးမင်းသက် | ရွှေမြန်မာမီဒီယာ

မှတ်ချက်များ