ပီနန်ဆရာတော်ထံ သရုပ်ဆောင်ဦးဇင်ဝိုင်း(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း) ရဲ့ လျှောက်ကြားချက်။

၂၀၁၄ မတ်လအတွင်းက…မဟာသန္တိသုခဗုဒ္ဓသာသ နာပြုကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ကျောင်းကိစ္စ သာသနာရေးဆိုင်ရာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင်ဦးဇင်ဝိုင်း(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥ က္ကဌဟောင်း) ရဲ့လျှောက်ကြားချက်။

” ပီနန်ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော်အ ရှင်သူမြတ်များကို တပည့်တော်ရိုသေစွာဦးခိုက်ရှိခိုးပါ တယ်ဘုရား။

အရှင်ဘုရားတို့ ရှင်းလင်းပြောပြမိန့်တော်မူခဲ့တဲ့ အချက် အလက်တွေကို လေ့လာလိုက်ရင်ဓမ္မ၀ိနယအရသော် လည်းကောင်း၊ လောကဥပဒေအရလည်းကောင်း
ပီနန်ဆရာတော်ဘုရားကြီးပိုင်တယ်ဆိုတာ ရှင်းလင်းနေပါပြီ။

အခုပဲ တပည့်တော်အနေနဲ့ ၀န်ခံလျှောက်ထားပါရစေဘုရား။တပည့်တော်တို့ ရုပ်ရှင်သမားများက ကွင်းနေရာမရတော့ဒီကျောင်းကြီးပေါ်မှာ လာပြီး ရုပ်ရှင်ရိုက်ကြပါတယ်ဘုရား။

တပည့်တော်ကိုယ်တိုင် ဒီကျောင်းကြီးပေါ်မှာသေဖူးပါတယ်ဘုရား။တပည့်တော်ကိုယ်တိုင် ဒီကျောင်းကြီးပေါ်မှာတရားသူကြီးလုပ်ပြီး ထောင်ချခဲ့ဖူးပါတယ်ဘုရား။

ဒီကျောင်းကြီးပေါ်မှာ အချုပ်ခန်းဆက်တင်ဖန်တီးလို့ တပည့်တော်ကိုယ်တိုင် တရားခံလုပ်ပြီးအချုပ်ခန်းထဲ မှာ နေခဲ့ရဖူးပါတယ်ဘုရား။

ယခုကျမှ ငါတို့ရဲ့ ဒီလုပ်ရပ်တွေဟာမူလပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ လုပ်ခဲ့ရတာပါလားဆိုတာတွေးပြီး ဒီအကု သိုလ်ကို ကြောက်မိပါတယ်ဘုရား။

သူတို့ ဒီကျောင်းက ထွက်ခွါဖို့ ဘယ်လိုပင် စာထုတ်ကြသော်လည်း ဒီကျောင်းကြီးကနေတစ်ဖ၀ါးမှ မခွါဖို့ ဒီအကုသိုလ်ကို ချေပတဲ့အနေနဲ့ တပည့်တော် လျှောက်ထားပါရစေဘုရား။

၃၁ ရက်နေ့မှာ လိုအပ်လာမယ်ဆိုရင်တပည့်တော်တို့အနုပညာသမားများကဆရာတော်ဘုရား ကြီးရှေ့ကနေ မားမားမတ်မတ်ကာကွယ်ပါ့မယ်ဘုရား။

မီးလောင်ဗုံးနဲ့ ထုတော့လဲ ကုသိုလ်ကံပေါ့ဘုရား။

ဒါဟာ တပည့်တော်တို့အနုပညာသမားများရဲ့ပြန်ပေးဆပ်သင့်တဲ့ ၀ဋ်ကြွေးခြေ ကျေးဇူးဆပ်ခြင်းပါဘုရား။

ခွင့်ပြုပါဘုရား။ ”

ဦးဇင်ဝိုင်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း၊

မှတ်ချက်များ