၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးဖို့ အမီပြန်လာမယ့် ထွန်းအိန္ဒြာဗို


အမေရိကန်နိုင်ငံသို့ ဖျော်ဖြေရေးခရီး သွားရောက်နေသော ထွန်းအိန္ဒြာဗိုက ဇူလိုင်ဒုတိယပတ်အ တွင်း ပြန်လာပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသွားမည်ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ် Fan Page စာမျက်နှာတွင် ရေးသားထားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့် ကာလမပြီးဆုံးမီ ဇူလိုင် ၁၃ ရက်တွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ယင်းအစီအစဉ်တွင် ပါဝင်သွားမည်ဟု ထွန်းအိန္ဒြာဗိုက ရေးသားထား သည်။

‘‘အရင်ကတည်းက လူတစ်စုတစ်ဖွဲ့အတွက်ပဲ ရေးဆွဲထားတာ။ သန်းခြောက်ဆယ်ကို ကိုယ်စားမပြု ဘူးလေ။ အဲဒါကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် ကိုယ်စားပြုတဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ပေါ်ပေါက်ဖို့ လိုအပ်ပါတယ်’’ ဟု အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ထွန်းအိန္ဒြာဗိုက 7Day News ဂျာနယ် အင်တာဗျူးတွင် ဖြေကြားဖူးသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ထောက်ခံသည့် လက်မှတ်များကို အနုပညာ ရှင်များထံမှ ကောက်ခံသော ပွဲတစ်ခုကို မေလ ၂၃ ရက်တွင် တော်ဝင်နှင်းဆီခန်းမ၌ ဒါရိုက်တာ ကြည်ဖြူသျှင်က ဦးဆောင်ပြုလုပ်ခဲ့ပြီး နာမည်ကြီးအနုပညာရှင်အများစု ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။


ဇွဲဉာဏ် | 7daydaily




မှတ်ချက်များ