ကောက်ရသော ကျပ်သိန်းကိုးဆယ် ပြန်အပ်သည့် ဆိုက်ကားနင်းသူအား ပြည်မြို့ခံများဂုဏ်ပြု

ဘဏ်မှထုတ်ယူပြီးမေ့ကျန် ခဲ့သောကျပ်သိန်းကိုးဆယ်ကျော်ပါ ရှိသည့် ငွေထုပ် ကိုတွေ့ရှိပြီး ပြန်လည်ပေး အပ်ခဲ့သူ အနှေး ယာဉ်လုပ်သားဦးစန်းဝင်းအားဂုဏ်ပြု သည့်အနေဖြင့် ပြည်မြို့ ဒေသခံ များ စုပေါင်း၍ စာရိတ္တဂုဏ်ရည် ဆုချီးမြှင့်ခဲ့သည်။

  မြန်မာ့ စီးပွားရေးဘဏ်မှ ထုတ်ယူထားသော ကျပ်သိန်းကိုး ဆယ်ခန့်ရှိ ငွေထုပ်ကောက်ရသည့်နေ တွင် ငွေထုပ်တွင်ပါရှိ သည့် လိပ်စာအတိုင်း လိုက်ရှာ ပေးသော်လည်း မတွေ့ သဖြင့် မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာထံ ပြန်လည်အပ်နှံ ခဲ့ကြောင်း မေ့ကျန်ခဲ့သူမှာRTCမှ ၀န်ထမ်းတစ်ဦးက လစာငွေများ ထုတ်လာခြင်း ဖြစ်ပြီး၎င်း၏ တစ်လစာငွေအား ကျေးဇူးဆပ်သည့် အနေဖြင့် ကန် တော့သော်လည်း ကိုယ်ချင်းစာ ပြီးလက်မခံခဲ့ ဘဲ ပြည်မြို့ရှိ စေတနာရှင်ဒေသခံများက ရိုးဂုဏ်ကို ချီးမြှင့်ခြင်းဖြစ် သဖြင့် ၀မ်းသာစွာလက်ခံပြီး ဘဏ်၌သာအပ်နှံထားကြောင်းဦးစန်းဝင်း ကပြောသည်။

အဆိုပါ အနှေးယာဉ်လုပ် သား၏ အကျင့်စာရိတ္တအားဂုဏ် ပြုသည့်အနေဖြင့် မြိုခံလူထု ၇၀ ကျော်စုပေါင်း ၍ ငွေကျပ် ခုနစ် သိန်းငါးထောင်ဆုချီးမြှင့်ခဲ့ သည်။

‘‘ဒီလိုပြုလုပ်ပေးမယ်လို့မ ထင်ထားဘူး။ ကိုယ့်ရဲ့ ရိုးသားမှု ကို အသိအမှတ်ပြုတဲ့အတွက် ၀မ်းသာပီတိဖြစ် ရတယ်။ကောက် ရတဲ့ အဲဒီငွေတွေကို ပြန်မပေးဘဲ ထားလို့ရပါတယ်။ ဒါပေမဲ့ ပျောက် သွားတဲ့လူဘက်ကို ကိုယ်ချင်းစာ တယ်။ လိုက်ရှာပြီး ပြန်ပေးတယ်။ ကောက်ရတဲ့ငွေတွေနဲ့ ကျွန်တော့် မိသားစုစာဝတ်နေရေး မှာအသုံး ပြုဖို့ဟာ လုံးဝစိတ်မသန့်ဘူး’’ဟု ဦးစန်းဝင်းကပြောသည်။

‘‘ကျွန်တော်တို့ဒေသခံတွေ က စုပြီးချီးမြှင့်တာ။ တစ်ထောင် ထည့်တဲ့သူလည်းပါတယ်။ နှစ် ထောင်၊ ငါးထောင်စသည်ဖြင့်ပေါ့ ။ တစ်သိန်းအလှူရှင်ကတော့ မ လေးရှားကနေ လှမ်းလှူတာဖြစ် တယ်’’ဟု ပြည်ဒေသခံဦးဇင်သိန်း ကပြောသည်။

ဇော်မင်းထိုက် | 7daydaily

မှတ်ချက်များ