![]() |
| ပုဂံမြို့ဟောင်းရှိ ရှေးဟောင်းစေတီပုထိုးများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) |
ပုဂံမြို့ရှိ ရှေးဟောင်း အမွေအနှစ်အဆောက်အအုံများ ကို ယူနက်စကိုက ပြန်လည်စာ ရင်းပြုစု၍ ဒုတိယအကြိမ် စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပုဂံမြို့ရှိ ရှေးဟောင်းအ ဆောက်အအုံများကို ပြန်လည် စာရင်းပြုစု၍ စနစ်တကျစာရင်း ကောက်ရန်အတွက် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ယူနက်စကိုမှ ပညာရှင်များ၊ နိုင်ငံတကာဗိသုကာပညာရှင်များနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတို့က ပုဂံမြို့ တွင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုဦးစီးဌာန၊ ရှေးဟောင်း သုတေသ နနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်ကပြောသည်။
‘‘ပုဂံမှာရှိတဲ့ ဘုရားစေတီ၊ ဘုန်းကြီးကျောင်း၊ သိမ်စတဲ့ အ ဆောက်အအုံတွေကို အရင်က လည်း စာရင်းကောက်ဖူးပါတယ်။ အဲဒါတွေကိုပဲ ဒုတိယအကြိမ် ပြန် ကောက်မှာပါ။ အဲဒါကိုလည်း ဂျပန်နိုင်ငံက ဖောင်ဒေးရှင်းတစ်ခု က ပံ့ပိုးပေးတာပါ’’ဟု ဦးကျော်ဦး လွင်ကပြောသည်။
စာရင်းကောက်ယူရာတွင် အသေးစိတ် စာရင်းကောက်ယူ မည်ဖြစ်သောကြောင့် အနည်းဆုံးအချိန်သုံးနှစ် ကြာမြင့်မည်ဖြစ်ကြောင်း ဦးကျော်ဦးလွင်က ပြောသည်။
ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများအား မှတ် တမ်းတင်သော ယူနက်စကိုသည် ၁၉၈၄ ခုနှစ် က မြန်မာနိုင်ငံသို့ လာရောက်၍ ပုဂံမြို့ရှိ ရှေး ဟောင်းအဆောက်အအုံများကို စနစ်တကျမှတ်တမ်း တင်ခြင်း၊ ပုံတူရေးဆွဲခြင်း၊ ဓာတ်ပုံရိုက်ခြင်းများကို ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ပြီးနောက်ပိုင်းတွင်ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများ အစိုးရက ပြန်လည်ပြုပြင်ခြင်း၊ အဆောက်အအုံများတည်ဆောက်ခြင်း၊ ရှေးဟောင်းဘုရားများကြားတွင် ဟိုတယ်များ တည်ဆောက်ခြင်း တို့ကြောင့် ပုဂံဒေသကို ယူနက်စကိုကအသိအမှတ်မပြုခဲ့ပေ။
ထိုသို့ဖြစ်ပွားခဲ့ခြင်းကြောင့် ၂၀၁၂ ခုနှစ်တွင် ယဉ်ကျေးမှုဦးစီး ဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာနက ပုဂံဒေသ ယူနက်စကိုဝင်ရန် အတွက် ပုဂံမြို့ ရှေးဟောင်းဇုန် တစ်ခုလုံးကို တင်ပြခြင်းမပြု လုပ်ဘဲ ရှေးဟောင်းအဆောက်အအုံ များကို အပိုင်းလိုက်ခွဲကာ တင်ပြခဲ့ကြသည်။
ငြိမ်းချမ်း | 7daydail

မှတ်ချက်များ