![]() |
| မယ်စကြ၀ဠာ(မြန်မာ) ပြိုင်ပွဲဝင်များ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) |
‘‘ခုသွားမယ့်အချိန်က မိုး တွင်းလည်းဖြစ်နေတယ်။ နောက် ရိုက်ကူးရေး အစီအစဉ်တွေလည်း ပါမှာဆိုတော့ သွားဖို့က အဆင်မပြေဘူးဖြစ်သွားတာ။ အဲဒါကြောင့် မြစ်ကြီးနားခရီးစဉ်က မသွားဖို့ သေချာသွားပြီ’’ ဟု ၎င်းက ပြောသည်။
ယခင်က မယ်စကြ၀ဠာ (မြန်မာ) ပြိုင်ပွဲဝင်များ၏ လူမှု ရေးလှုပ်ရှားမှု အစီအစဉ်အဖြစ် မြစ်ကြီးနားမြို့အနီးရှိ စစ်ဘေးဒုက္ခသည် စခန်းများသို့ သွား ရောက်လှူဒါန်းမည့် အစီအစဉ်အ ပါအ၀င် ကချင်ပြည်နယ်ရှိ အလှ အပနေရာများသို့ သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
‘‘မန္တလေး ပြင်ဦးလွင်ဘက် ကို သွားဖို့တော့ စဉ်းစားနေတယ်။ ဒီအချိန်ဆို ပြင်ဦးလွင်မှာက ပန်း တွေလည်း ပွင့်နေပြီဆိုတော့ တော်တော်လှနေပြီ။ မြန်မာနိုင်ငံ ရဲ့ လှပတဲ့ဒေသတစ်ခုကိုလည်း ပရိုမိုးရှင်းလုပ်တဲ့ သဘောပါ။ ပြိုင်ပွဲဝင်တွေရဲ့ လူမှုရေးလှုပ်ရှားမှုအတွက်လည်း အစီအစဉ်တွေ ဆွဲနေပါတယ်’’ ဟု ၎င်းက ပြော သည်။
ယင်းခရီးစဉ်သေချာပါက ဇွန်လ တတိယပတ်အတွင်းသွားရောက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံဖူးခက်ကမ်းခြေသို့ သွားရောက် မည့် ခရီးစဉ်ကိုမူ ဇူလိုင်လ ပထမ ပတ်အတွင်း သွားရောက်မည်ဟု ၎င်းက ဆိုသည်။
7daydaily

မှတ်ချက်များ