Mister Global 2014 ဆုရ မာကို နှစ်လကျော်အထိ ဆုကြေးမရသေး


ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့ သော နိုင်ငံတကာမောင်ပြိုင်ပွဲ Mister Global 2014 တွင် အမြင့် ဆုံးဆု ဆွတ်ခူးရရှိခဲ့သော်လည်း နှစ်လကျော်ကြာသည်အထိ ဆု ကြေး ငွေဒေါ်လာ သုံးထောင် ရရှိ ခြင်း မရှိသေးကြောင်း ဆုရှင် မာကို (ခ) မြတ်သူရလွင်က ပြော သည်။

‘‘ဆုကြေးငွေက ဗီယက်နမ် သွားရင် ပေးမယ်လို့ ပြောထား တယ်။ ဗီယက်နမ်ရောက်တော့ မပေးဘူး။ သူတို့ဆီမှာ ပိုက်ဆံ လက်ထဲမရှိသေးလို့၊ သူတို့ပြဿ နာတစ်ခုခုကြောင့် ကျွန်တော့်ကို မပေးဖြစ်ဘူး။ သူတို့မပေးဖြစ် တော့ ကျွန်တော်ဒီမှာ ဆုကြေး ပိုက်ဆံနဲ့ အလှူလုပ်ဖို့ ကိစ္စတွေ ရော၊ ကျွန်တော်ပြော ထားသလို မျိုး ဘိုးဘွားရိပ်သာတို့၊ နာမကျန်း ဖြစ်တဲ့ သူတွေ၊ မိဘမဲ့ ကလေး တွေဆီ သွားလှူဖို့ ကိစ္စတွေ လည်းမလုပ်ဖြစ်ဘူး။ ဆုကြေးငွေနဲ့ ပတ် သက်ပြီးတော့ ဘန်ကောက်ပြန် သွားဖို့ရှိတယ်’’ ဟု မာကိုက ပြော သည်။

ဆုကြေးဒေါ်လာ သုံးထောင် ကို တစ်ဝက်စီ နှစ်ခါပေးရန် ပြောထားသော်လည်း ဆုကြေး တစ် ၀က်ဒေါ်လာ ၁၅၀၀ ကို ယနေ့အ ထိ မရသေးဘဲ ကျန်တစ်ဝက်ကို လည်း ၂၀၁၅ တွင်ပြုလုပ်မည့် Mister Global 2015 ဆုရှင်ကိုဆုလွှဲအပ်ချိန်မှသာ ရရှိမည်ဟု ပြောဆိုကြောင်း မာကိုကပြော သည်။

‘‘ပေးထားတဲ့ ကတိတွေ ပျက်တာပေါ့။ ဆုကြေးရရင် ဘယ်လိုဆက်ပြီး လုပ်ဆောင်သွား မယ်ဆို တာ ပြောထားတော့ ကျွန် တော့် ပရိသတ်တွေကလည်း ဘယ်တော့အလှူလုပ်မှာလဲ ခဏခဏမေး ကြတယ်’’ ဟု မာကိုက ပြောသည်။

နိုင်ငံပေါင်း ၁၈ နိုင်ငံ ၀င် ရောက်ယှဉ်ပြိုင်ခဲ့သော အဆိုပါ ပြိုင်ပွဲကို မတ်လ နောက်ဆုံး ပတ်က ပြုလုပ် ခဲ့ပြီး မြန်မာကိုယ် စားပြု ပထမဆုံး ပါဝင်ယှဉ်ပြိုင် ခဲ့ရာ ပွဲဦးထွက်တွင်ပင် ပြိုင်ပွဲ၏ အမြင့်ဆုံးဆု Mister Global 2014 Winner ဆုကို မာကိုက ဆွတ်ခူးရရှိခဲ့သည်။

7daydaily

မှတ်ချက်များ