Yangon Institute of Education နှင့် Sagaing Insti-tute of Education တို့ကို Yangon University of Education နှင့် Sagaing University of Edu-cation သို့လည်းကောင်း၊ Yangon Institute of Economics၊ Mon-ywar Institute of Economics နှင့် Meiktila Institute of Economics တို့ကို Yangon Uni-versity of Economics၊ Mon-ywar University of Economics နှင့် Meiktila University of Eco-nomics အမည်သို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။
‘‘ဆိုင်းဘုတ်ပြောင်းရမှာ ပေါ့။ စာရွက်ပေါ်မှာလည်း ပြောင်းမှာတွေရှိမှာပေါ့။ ကျန်တာတော့ သိပ်ထူးမယ်မ ထင်ဘူးဗျာ’’ဟု ကလေးတက္ကသိုလ်မှ ဆရာတစ်ဦးက သုံးသပ်သည်။
ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မုံရွာ စီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့ကို အင်စတီကျုဒ်မှ ယူနီဗာစတီဟု ပြောင်း လဲလိုက်ခြင်းဖြစ်သည်။
ဆိုရှယ်လစ်အုပ်ချုပ်ရေးနှင့် စစ်အုပ်ချုပ်ရေးကာလများတွင် ပြည်တွင်းရှိ တက္ကသိုလ်များကို ယူနီဗာစတီမှ အင်စတီကျုဒ်သို့ ပြောင်းလဲခြင်း၊ အင်စတီကျုဒ်မှ ယူနီဗာစတီသို့ ပြောင်းလဲခြင်းတို့ ပြုလုပ်ခဲ့ကြသော်လည်း ပညာရေးတိုးတက်ပြောင်းလဲမှု ဖြစ်မလာခဲ့ ပေ။
7daydaily
မှတ်ချက်များ