တောင်ကိုရီးယားအသင်းနဲ့ ရုရှားအသင်းတို့ ယှဉ်ပြိုင်စဉ် ဆိုးလ်မြို့မှာ အားပေးဖျော်ဖြေမယ့် Psy
ကမ္ဘာကျော်အဆိုတော် Psy သည် တောင်ကိုရီးယားအသင်းနှင့် ရုရှားအသင်းတို့ ယှဉ်ပြိုင်နေစဉ်အတွင်း ဆိုးလ်မြို့ COEX စင်တာ၌ တောင်ကိုရီးယားအသင်းအတွက် အားပေးဖျော်ဖြေသွားမည်ဟု ဂန်းနမ်ခရိုင် အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။
၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် တောင်ကိုရီးယားအသင်းနှင့် ရုရှားအသင်းတို့သည် ဇွန်လ ၁၈ ရက်တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ တောင်ကိုရီးယား ဘောလုံးအသင်းသည် ဇွန်လ ၂၃ ရက်တွင် အယ်လ်ဂျီးရီးယားအသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇွန်လ ၂၇ ရက်တွင် ဘယ်လ်ဂျီယမ်အသင်းနှင့် ယှဉ်ပြိုင် မည်ဖြစ်သည်။
Psy သည် တောင်ကိုရီးယားအသင်းနှင့် ရုရှားအသင်းတို့ယှဉ်ပြိုင်စဉ် ဇွန်လ ၁၈ ရက်တွင် ဖျော်ဖြေသွား မည်ဟု YG Entertainment က အတည်ပြုပေး ခဲ့သည်။
Psy သည် ၂၀၀၂ ခုနှစ်တွင် 'Champion'၊ ၂၀၀၆ ခုနှစ်တွင် 'We Are The One' နှင့် ၂၀၁၀ ပြည့်နှစ်တွင် 'Once More, Korea'အပါအဝင် ကမ္ဘာ့ဖလားသီချင်းအချို့ ထွက်ရှိခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် Psy ၏ 'Hangover' အမည်ရ သီချင်းသစ်ထွက်ရှိခဲ့ပြီး ယူကျု့ဘ်တွင် ကြည့်ရှု သူပေါင်း ၅၇ သန်းကျော်သွားပြီဖြစ်သည်။ Psy သည် လာမည့် ဩဂုတ်လတွင် 'Daddy' အမည်ရ သီချင်း သစ်ထွက်ရှိရန်လည်း စီစဉ်ထားသည်ဟု သိရသည်။
7daydaily

မှတ်ချက်များ